နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြင်းခြံတွင် အကြမ်းဖက်ဥပဒေအရ အိမ်ငါးလုံးသိမ်း

မြင်းခြံ၊  အောက်တိုဘာ ၁၀


မန္တလေးတိုင်းဒေသကြီး   မြင်းခြံ မြို့နယ်  လယ်သစ်ရွာမှ    NLD ပါတီဝင် ငါးဦး၏နေအိမ်များကို   အောက်တိုဘာ ၅ ရက်၊ ညပိုင်း အကြမ်းဖက်ဥပဒေအရ  ပြည်သူပိုင်  သိမ်းဆည်းလိုက်ကြောင်း ရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ 


လယ်သစ်ရွာမှာ လူဦးရေ ၅၀၀၀ ကျော်ရှိရွာကြီးဖြစ်သည်။ အသိမ်းခံရ သူများမှာ  မြင်းခြံ  NLD ပါတီ နာယက   ဦးလှမြင့်၊  လယ်သစ် NLD ပါတီ ဥက္ကဋ္ဌ ဦးစန်းယု၊  အတွင်းရေးမှူး ဦးကျော်နိုင် နှင့်   ပါတီဝင် ဦးအေးကို၊  ဦးသန့်ဇင်ဝင်း     နေအိမ်များဖြစ်ကြောင်း   မြင်းခြံမြို့ခံတို့ ကပြောသည်။

ယခုထိမြင်းခြံမှာ အိမ်ရှစ်လုံးထက် မနည်းမှာ အသိမ်းခံနေရကြောင်းသိရ သည်။                         ဌေးမြင့်မောင်






အခြားဆက်စပ်သတင်းများ