ကျောင်းကုန်း၊ အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကွင်းကြီးအုပ်စု၊ ကွင်းကြီးကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်းမိုင်တိုင်အမှတ် ၆၄/၃ နှင့် ၆၄/၄ ကြားတွင် အောက်တိုဘာ ၉ ရက်၊ နေ့လယ် ၁၂ နာရီ မိနစ် ၃၀ ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ လူ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တရားလို ဒုရဲအုပ် နှင်းအေးမော်သည် မြို့မရဲစခန်း၌ တာဝန်မှူး တာဝန်ထမ်းဆောင်နေစဉ် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်း အရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ယာဉ်မောင်း ဖြိုးမြတ်ကျော် (ခ)ဂွတို (၃၅နှစ်) မောင်းနှင်ပြီး၊ ယာဉ် နောက်လိုက် ပြည့်စုံအောင်နှင့်အတူ ခရီးသည် ၂၀ ဦးတင်ဆောင် မောင်း နှင်လာသည့် "အောင်သစ္စာ"မော်တော် ယာဉ်မှာ ပုသိမ်ဘက်မှ ရန်ကုန်ဘက် သို့ မောင်းနှင်လာစဉ် ရန်ကုန်- ပုသိမ် ကားလမ်း၊ ကွင်းကြီးကျေးရွာထိပ် ကားလမ်းမဘေး မြေသားလမ်းပေါ် တွင် ဆိုင်ကယ်ပေါ်၌ခွလျှက်ထိုင်နေသူ ဦးငြိမ်းအောင် (၅၂) နှစ်အား အရှိန်မ ထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိသဖြင့် ဦးငြိမ်းအောင်မှာ ကတ္တရာလမ်းပေါ်သို့ လွင့်စဉ်ကျသွားပြီး အခင်းဖြစ်နေရာ တွင်ပင် သေဆုံးသွားခဲ့သည်။
ယာဉ်မောင်း ဖြိုးမြတ်ကျော်(ခ)ဂွတိုမှာ ထွက်ပြေးတိမ်းရှောင်သွား၍ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး၊ ယာဉ်မဆင်မခြင် မောင်းနှင်ခြင်းဖြင့် လူကိုထိခိုက်သေဆုံးစေသူ ယာဉ်မောင်း အား ကျောင်းကုန်းမြို့မရဲစခန်းက ယာဉ်(ပ)၁၁/၂၀၂၁၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်အရေးယူဆောင် ရွက်ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။
ဝင်းကြိုင်(ကျောင်းကုန်း)