နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရွာငံ၊  အောက်တိုဘာ ၁၀

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ သင် မြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရသည်။


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော    ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၆ ရက်၊ ည ၉ နာရီခွဲ တွင် ရွာငံမြို့နယ် အောင်ပန်း - ကျောက်ဆည် သွား ကားလမ်း ကျောက်ကူပြင်ကျေးရွာ အနီးတွင် အောင်ပန်းမှ ကျောက်ဆည် ဘက်သို့ အောင်ကိုသန်း (၃၂) နှစ် မောင်းနှင်လာသည့်    Toyota Hiace မော်တော်ယာဉ်ကို ရှာဖွေရာ တန်ဖိုး ငွေကျပ်သိန်း ၅၀၀၀ ခန့်ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကောင်းထက်ကျော် (၁၈) နှစ်နှင့် ဟိန်းမင်းဦး (၂၂) နှစ်တို့ကို နောင်ချိုမြို့တွင် Hijet မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း၊ စိတ်ကြွ ရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ ကျော်ကျော်ဝင်း၊ (၅၁) နှစ်ကို အောက်တို ဘာ ၇ ရက်၊  နံနက် ၉ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်း ရပ်ကွက် ၅၃ လမ်း အမှတ် (၄၆) နေအိမ် တွင်လည်းကောင်း ဆက်လက်ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများကို ရှမ်းပြည်နယ် (တောင် ပိုင်း) ကွန်ဟိန်းမြို့နယ်မှ  စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရ၍ ၎င်းတို့ကို ဥပဒေအရအရေးယူထားရှိ ပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ