နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းရံတော်ချောင်းသံလမ်းအကူးတံတားတွင်ဒေသန္တရလက်လုပ်ရီမုတ်မိုင်းပေါက်ကွဲ

မန္တလေး၊  အောက်တိုဘာ ၁၀ 


မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ပန်းရံတော်ချောင်းရထားသံလမ်းကူး တံတားအမှတ်(၉)တွင် အောက်တိုဘာ ၈ ရက်၊ နံနက်၈နာရီခွဲခန့်က ဒေသန္တရလက် လုပ်ရီမုတ်မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင် များကသွားရောက်စစ်ဆေးရာ ကီးပက်ဖုန်းဖြင့်ချိတ်ဆက်ထားသော မပေါက်ကွဲ သေးသည့် ဒေသန္တရလက်လုပ်ရီမုတ်မိုင်းတစ်လုံးထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။


မိုင်းပေါက်ကွဲမှုကြောင့် ရထားသံလမ်းတစ်ဖက်တွင်  လေးလက်မခန့်ထိခိုက် ပျက်စီးခဲ့ပြီးလူထိခိုက်မှုမရှိကြောင်း၊ ရထားသံလမ်းအားအမြန်ဆုံးပြုပြင်နိုင်ရေး မြန်မာ့မီးရထားတိုင်း(၃)အင်ဂျင်နီယာဌာနမှ ဆောင်ရွက်လျက်ရှိပြီးမိုင်းဖောက်ခွဲသည့် အကြမ်းဖက်အဖွဲ့များ ဖမ်းဆီးရမိရေး  ပိတ်ဆို့ရှာဖွေလျက်ရှိသည်။                                      

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ