နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်မှ ဆုတ်ခွာပြီးနောက် ပထမအကြိမ် အမေရိကန်နှင့် တာလီဘန် မျက်နှာချင်းဆိုင်ဆွေးနွေး

ဒိုဟာ၊  အောက်တိုဘာ ၁၀


အမေရိကန်နှင့်တာလီဘန်တို့သည် အာဖဂန်နစ္စတန်မှ အမေရိကန်ဆုတ်ခွာ ချိန်မှစပြီး  ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင်  တွေ့ဆုံဆွေးနွေးမှုကို ယခုရက်သတ္တပတ်အတွင်း ပြုလုပ်ခဲ့ ပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက  ထုတ်ပြန်လိုက် သည်။ 


အမေရိကန် ကိုယ်စားလှယ်အဖွဲ့ သည် တာလီဘန်ထိပ်တန်းကိုယ်စားလှယ်များနှင့် ကာတာနိုင်ငံမြို့တော် ဒိုဟာတွင် ယခုရက်သတ္တပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်တာတွင် တွေ့ဆုံ ခဲ့ခြင်းဖြစ်ကြောင်း  နိုင်ငံခြားရေး၀န်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြော ကြားသည်။ 


အမေရိကန်နှင့် တာလီဘန်များ သည် ကဘူးလ်တွင် သြဂုတ်လအတွင်း တာလီဘန်များ  သိမ်းပိုက်ထားစဉ် ကတည်းက ကာလကြာရှည် အဆက် အသွယ်ရှိနေခြင်းဖြစ်ပြီး ယခုတွေ့ဆုံမှု မှာ ပထမဆုံးမျက်နှာချင်းဆိုင် တွေ့ဆုံမှု ဖြစ်သည်။ 


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ယခုအစည်းအဝေးသည် တာလီဘန်များအနေဖြင့် အာဖဂန် နစ္စတန်ကို အုပ်ချုပ်နေမှုအပေါ်အသိ အမှတ်ပြုသည့် သဘောမဟုတ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

ရဲခေါင် (Ref:WashingtonPost)







အခြားဆက်စပ်သတင်းများ