နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်တွဲညီညာ ပြည်သာယာ

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြောင်းလဲမှု၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုနှင့်အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ ကျကျ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်း သာယာရေးသည် အရေးကြီးလှပေသည်။


နိုင်ငံတည်ငြိမ်အေးချမ်းမှသာ စီးပွားရေးလုပ်ငန်းများ ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင်နိုင်မည်ဖြစ်သည်။ နိုင်ငံတော် အနေဖြင့် ပြည်သူအများ၏ လိုအပ်ချက်ဖြစ်သော စား၊ ဝတ်၊ နေရေး ဖူလုံရေးကို အလေးပေးဖော်ဆောင်လျက်ရှိသည်။ ထိုနေရာ တွင် အဓိကလိုအပ်ချက်မှာ  ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်သည်။ တိုးတက် ဖွံ့ဖြိုးသောနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုအားကောင်းသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့ရင်းနှီးမြှုပ်နှံမှု အားကောင်းလာရသည် မှာလည်း ထိုနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံသူတို့က ယုံကြည်ကိုးစားမှု ရှိလာမှုကြောင့် ဖြစ်ပေသည်။


ကမ္ဘာတစ်ဝန်း မတည်ငြိမ်မှုများကြောင့် ရင်းနှီးမြှုပ်နှံသူများက တည်ငြိမ်သောနေရာများကို ရှာဖွေလာကြသည်။ ပြည်သူတို့၏ ဆန္ဒမှာ အေးချမ်းသာယာသည့်နိုင်ငံတွင် စီးပွားရေးကောင်းမွန်ပြီး အလုပ်အကိုင်အခွင့်အလမ်း သာနေခြင်းသာ အလိုရှိနေကြမည် ဖြစ်သည်။


လက်ရှိအခြေအနေတွင် အကြမ်းဖက်အဖွဲ့အစည်းများက မြန်မာနိုင်ငံအတွင်း ဒေသအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် လုပ်ကြံသတ်ဖြတ်မှုများ၊ ဗုံးခွဲတိုက်ခိုက်မှုများ၊ မီးရှို့မှုများ အပါအဝင် အကြမ်းဖက်မှုများစွာတို့ကို နောက်ကွယ်မှအမိန့်ပေး စေခိုင်းခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ သင်တန်းပေးခြင်းတို့ပြုလုပ် ခဲ့ကြသည်။ ယင်းအကြမ်းဖက်တိုက်ခိုက်မှုများမှာ လူနေရပ်ရွာ များအတွင်း လက်နက်ကိုင်ဆောင်ထားခြင်းမရှိသည့် သာမန် အရပ်သားများ၊ အမျိုးသမီးများ၊ ကလေးများအပါအဝင် မိသားစု လိုက် သတ်ဖြတ်ခြင်းလည်းပါဝင်သည်။


မည်သို့ပင်ဖြစ်စေကာမူ လုံခြုံရေးအသိ၊ လုံခြုံရေးမျက်စိ ရှင်သန်နေရန် လိုအပ်ပေသည်။ နိုးကြားတက်ကြွသော အသိရှိနေ ရပါမည်။ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော အဓိက အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် အဖျက်အမှောင့် များကို ကြိုတင်တားဆီး ကာကွယ်ဖော်ထုတ်နိုင်မည်ဖြစ်ပေသည်။ ငြိမ်းချမ်းရေးမရရှိပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေး စေမည်ဖြစ်သည်။ အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒဟူသည် မည်သည့်နိုင်ငံမှ လက်ခံခြင်း၊ အားပေးပံ့ပိုးခြင်း မပြုအပ်ပေ။ 


အကြမ်းဖက်မှုကျူးလွန်နေသည့် အဖွဲ့အစည်းများအား ဆန့်ကျင်ဖော်ထုတ်ရာ ဥပဒေအရအရေးယူရာတွင် ပြည်သူများ အနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍမှ တက်တက်ကြွကြွ ပူးပေါင်း  ပါဝင်ကြရန် လိုအပ်သည်ဟု ဆိုချင်ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ