နောင်ချို အောက်တိုဘာ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၂၅၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၇ ရက် မွန်းတည့် ၁၂ နာရီက နောင်ချိုမြို့နယ် မန္တလေး- လားရှိုးသွားကားလမ်း နောင်ချိုမြို့ အဝင် မိုင်တိုင်အမှတ်(၈၀/၄)အနီး၌ လားရှိုးမှ နောင်ချိုဘက်သို့ကျော်မင်းဦး (ခ)ယောန (၂၆)နှစ် မောင်းနှင်ပြီး မသင်းမြတ်ဆွေ(ခ)ယဉ်လှ (၂၄)နှစ် လိုက်ပါလာသည့် မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ငွေကျပ် သိန်း ၂၅၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြား ၄ ဒသမ ၉ သိန်း တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်း ဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြား များကို ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်မှ ကရင်ပြည်နယ် ဘားအံမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ် ကြောင်းသိရသဖြင့် ယင်းတို့ကို ဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ဆွေဦး