နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားအရာရှိ ရှစ်ဦးကို NATO ဌာနချုပ်မှ စွပ်စွဲနှင်ထုတ်

နယူးယောက်၊  အောက်တိုဘာ ၈


မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) ကို စေလွှတ်ထားသည့် ရုရှား အရာရှိ ရှစ်ဦးကို တရားမဝင်ထောက် လှမ်းရေးလုပ်ငန်းများ  လုပ်ခဲ့သည် ဆိုသော စွပ်စွဲချက်နှင့် NATO မဟာ မိတ်အဖွဲ့က နှင်ထုတ်လိုက်သည်။


ထောက်လှမ်းရေးအရာရှိများအဖြစ် ထုတ်ဖော်ပြောဆိုမထားဘဲ NATO အဖွဲ့ တွင် တာဝန်ပေးထားသော ရုရှားအရာရှိ ရှစ်ဦး၏ အသိအမှတ်ပြု ခန့်အပ်လွှာများ ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း အမည်မဖော်လိုသူ NATO အရာရှိက အတည်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။


ထို့ပြင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲ မြို့ အခြေစိုက် NATO အဖွဲ့ကို စေလွှတ် ခွင့်ပြုထားသူ အရေအတွက်ကိုလည်း ယခုလကုန်ကစပြီး ၂၀ ဦးမှ ၁၀ ဦးအထိ လျှော့ချမည်ဖြစ်ကာ ရုရှားအဖွဲ့ဝင်များ ၏ ခန့်အပ်လွှာများ ရုပ်သိမ်းရန်ဆုံးဖြတ် ချက်နှင့် ပတ်သက်၍ NATO က လတ်တ လော ရှင်းပြခြင်းမျိုးမရှိသေးကြောင်း သိရသည်။ 


အမည်မဖော်လိုသူ NATO အရာရှိ ကမူ ရုရှားနှင့်ပတ်သက်သည့် NATO ၏ မူဝါဒများသည် တသမတ်တည်းရှိ နေပြီး ရုရှား၏ ရန်လိုသည့် လုပ်ရပ်များ ကို ခုခံကာကွယ်နိုင်ရန် ဆွေးနွေးမှုပြု လုပ်ရေးအတွက် အစဉ်အမြဲလမ်းဖွင့် ထားကြောင်း ပြောကြားထားသည်။


ရုရှား၏ နျူကလီးယား မစ်ဇိုင်းတည် ဆောက်ရေးအစီအစဉ်နှင့်  NATO ၏ လေပိုင်နက်ကျုးကျော်မှုများအပါဝင် အခြားကိစ္စများနှင့် ပတ်သက်၍ နှစ်ဖက် အကြား မပြေမလည်ဖြစ်နေကြခြင်းဖြစ် သည်။                      ရဲခေါင်(ref:AFP)






အခြားဆက်စပ်သတင်းများ