နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုတိယညွှန်ကြားရေးမှူးနှင့်ယာဉ်မောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး(အမျိုးသမီးဝန်ထမ်း)တို့အား လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထားဝယ်ဒေသအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူများ ထပ်မံဖမ်းဆီးရမိ

ရန်ကုန်၊  အောက်တိုဘာ ၇


အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများဆောင်ရွက် လျက်ရှိရာ ထားဝယ်မြို့၊ တိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ယာဉ်မောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေး(အမျိုးသမီးဝန်ထမ်း)တို့အား လုပ်ကြံသတ်ဖြတ် ခဲ့ပြီး ထားဝယ်ဒေသအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင် နေသူများအနက်မှ လုပ်ကြံသတ်ဖြတ်ရာတွင် ပူးပေါင်းပါဝင်ကျူးလွန် သူများဖြစ်သော တရားခံ ထွန်းထွန်းဦး၊ ရာဇာထွန်း၊ သက်ပိုင်ဦး၊ စိုင်းမင်းသူ၊ မင်းဆက်မှူးတို့အပါအဝင် ဆက်စပ်တရားခံ ကျား ၂၀ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၂၃  ဦး ဖော်ထုတ်ဖမ်းဆီးရမိမှုအား စက်တင်ဘာလ ၂၅ ရက်တွင် သတင်းထုတ်ပြန်ပြီးဖြစ်သည်။


တရားခံများ၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၄ ရက်တွင် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ ကမြောကင်းလမ်းရှိ Gold Sticker ဆိုင်ရှေ့၌ ဆက်စပ် တရားခံ မြတ်ကျော်သူ (ခ) ဖိုးကျား (ခ) ရဲလေး ၂၀ နှစ်အား ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည် ၄ တောင့်၊ ကျည်အိမ် ၁ ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။


တရားခံ မြတ်ကျော်သူ (ခ) ဖိုးကျား (ခ) ရဲလေး ၏ ထွက်ဆိုချက်အရ ၎င်းသည် မေလ ၁၄ ရက်တွင် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ မော်လမြိုင်ဘောတံတားအနီးတွင် အပြစ်မဲ့ပြည်သူ ဦးဖေသန်းအား ဒလန်ဟုစွပ်စွဲကာ လက်လုပ်မိုင်းဖြင့်ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ အောင်ခိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် မင်းဆက်မှူး(ခ)ကိုမှူး၊  ထွန်းထွန်းဦးနှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ဌေးလွင်ဖြိုး (ခ) အာလူး၊ ဆက်ပိုင်၊ ဆံရှည်၊ သားကြီး(ခ)ဆူကီ၊ သားကြီး၊ စိုးမိုးထိုက် (ခ) ထိုက်ထိုက်၊ သက်ဦး၊ မောင်သက်(ခ)ဂျပု၊ ကိုပိုင်၊ နောင်အောင်တို့နှင့်အတူ ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


တရားခံ  မြတ်ကျော်သူ(ခ) ဖိုးကျား (ခ) ရဲလေး၏ ထွက်ဆိုချက်အရ ၎င်းသည် ဩဂုတ်လ ၂၉ ရက်တွင် တိုင်းဒေသကြီး တိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ပညာရေးနှင့် လေ့ကျင့်ရေးဌာန၊ ဦးစီးမှူး ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဒန်နှင့် ယာဉ်မောင်း ဝေလင်းအောင်တို့ ၂ ဦးအား ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ဆိပ်ကမ်းလမ်းရှိ တိုင်းဒေသကြီးတိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်း ကျောင်း အနောက်ဘက်တွင် သက်ဦး၊ မင်းဆက်မှူးနှင့် ဖမ်းဆီးရန် ကျန်တရားခံများဖြစ်သော အောင်ခိုင်၊ ဝေဒီဂန်း၊ ဆုမာလေး၊ ဖုန်းမဲ၊ ခိုင်ခိုင်မာ၊ ထိုက်ထိုက်၊ ကောင်းထက်ဇော်၊ အောင်ပိုင်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ်ရာတွင် ပူးပေါင်းပါဝင် ကျူးလွန်ခဲ့ကြောင်းဖော် ထုတ်သိရှိရသည်။


အလားတူ စက်တင်ဘာ ၂၀ ရက်တွင် ထားဝယ်မြို့၊ ပိန္နဲတော ရပ်ကွက်၊ ရွှေတောင်စားဘုရားလမ်း၊ “မလိငပိ”ဈေးဆိုင်ရှေ့တွင် ဘုမ္မော်ရပ်ကွက်စာရေးတာဝန် ထမ်းဆောင်သူ ဒေါ်စန်းစန်းဝေ ၅၇ နှစ်အား ရာဇာထွန်းမှ ပစ္စတိုဖြင့် ၃ ချက် ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် မင်းဆက်မှူး(ခ) ကိုမှူး၊ ထွန်းထွန်းဦး၊ ကောင်းကောင်း (ဖမ်းဆီး ရန်ကျန်)တို့နှင့်အတူ ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။


ထိုသို့ အပြစ်မဲ့ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ရန်နှင့် ဒေသတွင်းဖောက်ခွဲရေးလုပ်ငန်းများဆောင် ရွက်ရန် အဓိကစီစဉ်ညွှန်ကြားသူမှာ NLD ပါတီမှ ထားဝယ်မြို့နယ်၊ မဲဆန္ဒနယ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်သူ မိုးမိုးသူ(ဖမ်းဆီးရန်ကျန်)နှင့် NLD ပါတီမှ ထားဝယ်မြို့နယ်၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ဇော်လေး(ဖမ်းဆီးရန်ကျန်)တို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။                                                     ဆွေဦး






အခြားဆက်စပ်သတင်းများ