နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးယဉ်ပါး တီဘီရောဂါ

တီဘီရောဂါသည် လေထဲမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်သော တီဘီပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါတစ်မျိုးဖြစ်၏။ တီဘီ ရောဂါသည် အနာသိဆေးရှိပြီးဖြစ်ရာ ဝေဒနာရှင်များ ဆေးကို စနစ်တကျ သောက်သုံးခြင်းဖြင့် ကုသပျောက်ကင်းနိုင်ပေသည်။ 


တီဘီဆေးဝါးများကို ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြား ချက်အတိုင်း စနစ်တကျ ဆေးကုသကာလပြီးဆုံးသည်အထိ မှန်မှန်မကုသလျှင် တီဘီပိုးများက အစွမ်းထက်ဆေးများကို ယဉ်သွားပြီး ကုသရန်ခက်ခဲသည့် ဆေးယဉ်ပါး တီဘီရောဂါ (သို့မဟုတ်) ဆေးမတိုးသော တီဘီရောဂါအဖြစ် ပြောင်းလဲသွားမည် ဖြစ်ပေသည်။


ဆေးယဉ်ပါး တီဘီရောဂါဖြစ်နိုင်ရန် အခြေအနေရှိသူများမှာ HIV ပိုးကူးစက်ခံနေရသူ၊ သွေးတိုး၊ ဆီးချို ရောဂါခံစားနေရသူ၊ အရက်စွဲရောဂါရှိသူ၊ တီဘီရောဂါကုသမှုကို စနစ်တကျခံယူရန် အခြေအနေမရှိသူများ ဖြစ်သည်။


ဆေးယဉ်ပါး တီဘီရောဂါသည် အခြားသူများကို ကူးစက် ပြန့်ပွားမှုမရှိစေရန် တီဘီလူနာကို ကျန်းမာရေးဝန်ထမ်းများနှင့်  စနစ်တကျ ထိရောက်စွာကုသခြင်း၊ ချောင်းဆိုး၊ စကားပြော၊ နှာချေရာတွင် နှာခေါင်းစည်းတပ်ဆင်၍ နေထိုင်ခြင်း၊ သလိပ်ထွေး သောအခါ ပိုးသတ်ဆေးထည့်ထားသော အဖုံးပါခွက်ထဲတွင်သာ ထွေးပြီး စွန့်ပစ်ရာတွင် တွင်းနက်နက်တူး စွန့်ပစ်ကာ အပေါ်မှ မြေကြီးပြန်ဖို့ခြင်း၊ မီးရှို့ခြင်း၊ ရေအိမ်ထဲစွန့်ပစ်ခြင်း၊ လေဝင် လေထွက်ကောင်းရန် ပြတင်းပေါက်များဖွင့်ထားခြင်း၊ မိသားစုနှင့် ခြင်ထောင်တစ်ခုတည်း အတူမအိပ်ခြင်း၊ လျှော်ဖွပ်ပြီး နေရောင်ခြည်နှင့် လှန်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပေသည်။


ဆေးယဉ်ပါး တီဘီရောဂါဖြစ်စေသော အကြောင်းရင်းများတွင် သလိပ်တွင် တီဘီပိုးကင်းစင်အောင် ခြောက်လ (သို့မဟုတ်) ရှစ်လ ကြာသည်အထိ ဆေးဝါးများကိုမသောက်သုံးဘဲ မိမိသဘောနှင့် ဆေးသောက်ရပ်ခြင်း၊ မဆီလျော်သော ဆေးကုထုံးနှင့် ဆေးကုသ ခြင်း၊ ဆေးယဉ်ပါးတီဘီရောဂါရှိသူထံမှ တိုက်ရိုက်ကူးစက်ခံရခြင်း တို့ကြောင့် ဖြစ်ပေသည်။


ဆေးယဉ်ပါး တီဘီရောဂါလူနာများသည် ပုံမှန်တီဘီဆေးများ အပြင် ဆေးယဉ်ပါး တီဘီရောဂါသုံးဆေးများပါ တွဲဖက်၍ ဆေးကုသရာတွင် ဆေးကုသကာလမှာ ၂ နှစ်ခန့် ကြာမြင့်မည် ဖြစ်ပေသည်။ 

ဆေးယဉ်ပါးနေသော တီဘီရောဂါလူနာများကို ကျန်းမာရေး ဝန်ထမ်းများက နေ့စဉ်တိုက်ရိုက် ကြည့်ရှုဆေးတိုက်ကျွေးလျက် ရှိရာ စနစ်တကျကုသခြင်းဖြင့် ဆေးယဉ်ပါး တီဘီရောဂါဝေဒနာရှင် များ စနစ်တကျကုသ သောက်သုံးစေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ