နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများ ဖမ်းဆီးရမိ

ရန်ကုန်၊  အောက်တိုဘာ ၆


စက်တင်ဘာ ၁၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်း ကုန်းမြို့နှင့် ပန်းတနော်မြို့ကြား၊ အင်းမနယ်မြေ ရဲစခန်းရှေ့စစ်ဆေး ရေးဂိတ်တွင် ပုသိမ်-မြဝတီ ပြေးဆွဲသည့် ဒို့ညီနောင် ယာဉ်လိုင်းဖြင့် လိုက်ပါစီးနင်းလာသည့် စည်သူအောင် ၃၅ နှစ်၊ အောင်နိုင်ထွေး   ၃၅ နှစ်နှင့် ဘိုဘိုထွန်း ၂၈ နှစ်တို့အား ဖမ်းဆီးရမိခဲ့ပြီး စည်သူအောင်၏ထွက် ဆိုချက်အရ ကန်ကြီးထောင့်မြို့နယ်၊ ကညွတ်ကုန်းကျေးရွာနေ စတာလင်း ၆၁ နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ စည်သူအောင်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၁၉ ရက်တွင် သာပေါင်းမြို့နယ်၊ ညောင်ပင်လေးဆိပ် ကျေးရွာနေ စိုးပိုင် ၃၅ နှစ်အား ပစ္စတို ကျည်အိမ် ၁ ခု၊ လက်လုပ် လေသေနတ် ၁ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ ယမ်း ၁ ဘူးတို့နှင့် လည်းကောင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဆက်ချောင်း ကျေးရွာနေ ရဲမိုး ၄၁ နှစ်အား တူမီးသေနက် ၁ လက်နှင့် လည်းကောင်း၊ ကန်ကြီးထောင့်မြို့၊ (၁) ရပ်ကွက်နေ အောင်အောင် ၃၈ နှစ်အား လက်လုပ်သေနတ် ၁ လက်နှင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ သည်။


ဖမ်းဆီးရမိတရားခံ စည်သူအောင်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၀ ရက် တွင် ကန်ကြီးထောင့်မြို့နယ်၊ ကုလား ကုန်း ကျေးရွာရှိ ထန်းကုန်းလေးကျောင်း တိုက်နေ အောင်မြင့် ၅၃ နှစ်အား လည်းကောင်း၊  ကန်ကြီးထောင့်မြို့၊ (၄) ရပ်ကွက်နေ ရဲလင်းနောင် ၃၁ နှစ်၊ (၂)ရပ်ကွက်နေ အောင်ဓန ၁၉ နှစ်၊ (၁)ရပ်ကွက်နေ ရဲဝင်းသူ ၃၇ နှစ် တို့အားလည်းကောင်း၊ ပုသိမ်မြို့၊ (၅)ရပ်ကွက် နေ ဇော်ထိုက် ၆၂ နှစ်နှင့် သက်ထားဝေ ၂၃ နှစ်တို့အားလည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ ဇော်ထိုက်၏ ထွက်ဆိုချက်အရ  စက်တင်ဘာ ၂၁ ရက်တွင်  ကန်ကြီးထောင့်မြို့နယ်၊ ညောင်ပင်ကျေးရွာနေ ထက်ထက် ၂၆ နှစ်အား လမ်းလျှောက်စကားပြော စက် ၁ လုံး၊ ဒူးလေး ၁ လက်၊ မြား ၃၄ ချောင်း၊ ကန့်မှုန့် ၁ ဘူး ၊ ယမ်းမှုန့် ၇ ဘူး၊ သံဘောစေ့ ၁၄၀၀ စေ့၊ ယမ်းမီးခြစ် ၆၀ လုံးတို့နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ 


ဖမ်းဆီးရမိတရားခံ စည်သူအောင်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၂ ရက်တွင် သာပေါင်းမြို့နယ်၊ သန် လျက်စွန်းကျေးရွာ၊ ပုသိမ်-သာပေါင်း ကားလမ်း၊ မိုင်တိုင်အမှတ် ၀/၄ နှင့် ၀/၅ ကြားတွင် Light Truck အဖြူ ရောင်ယာဉ်ပေါ်မှ စိုးမင်းထွန်း ၃၅ နှစ်၊ စိုးမိုးကျော် ၂၉ နှစ်၊ အောင်ကိုကို ၁၉ နှစ်၊ ထွန်းအေး ၆၂ နှစ်၊ နေလင်းအောင် ၂၈ နှစ်၊ လှမျိုးမင်း ၃၈ နှစ်၊ လှကြည် ၄၈ နှစ်၊ ညီဇော်လတ် ၃၅ နှစ်တို့ ၈ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ ညီဇော်လတ်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၃ ရက်တွင် သာပေါင်းမြို့နယ်၊ ဘုရားဦး ပေါက်ကျေးရွာ နေ သောင်းမြင့် ၄၆ နှစ်အား ပစ္စတို ၁ လက်၊ ၉ မမကျည် ၁၅ တောင့်၊ကျည်အိမ် ၁ ခု၊ တူမီးသေနတ် ၅ လက်၊  လက်လုပ်မိုင်း ၁ လုံး နှင့် ဖောက်ခွဲဖျက်ဆီးရေး ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ငွေဆောင်မြို့၊ ရှောက် ချောင်းကျေးရွာနေ အောင်ခင်ဌေး ၃၅ နှစ်အား ပုသိမ်-ငွေဆောင် ကားလမ်း၊ မိုင်တိုင်အမှတ်၊ ၂၈/၃ တွင် လည်း ကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။                  

ဆွေဦး






အခြားဆက်စပ်သတင်းများ