နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗန်းမော်မြို့၊ ပဲခူးမြို့နှင့် ချမ်းအေးသာစံမြို့နယ်တို့မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ရန်ကုန်၊  အောက်တိုဘာ ၆


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၄ ရက်၊ နံနက် ၉ နာရီခွဲတွင် ဗန်းမော်မြို့ သာစည်ရပ်ကွက် ဂေါ်လူဂမ်အောင်မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၂ ကီလိုတို့ကို လည်း ကောင်း၊ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည်    ပဲခူးမြို့နယ် ဘုရားကြီးမြို့ ပေါက်တော ကျေးရွာအနီးတွင် သက်နိုင်ထွန်း (ခ) ကိုပိုင်မောင်းနှင်ပြီး အောင်မျိုးကို (ခ) အောင်ကြီး လိုက်ပါ လာသည့်ယာဉ်ကိုရပ်တန့်စစ်ဆေး ရှာဖွေရာ     စိတ်ကြွရူးသွပ် ဆေးပြား ၅၈၅၀ ကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည်    ချမ်းအေးသာစံမြို့နယ် ကန် ကောက်ရပ်ကွက် ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၅၉ လမ်းတွင် ဌေးအောင်ကျော်(ခ)ဖိုးဇော် မောင်းနှင်လာသည့် ဆိုင်ကယ်ကိုရပ်တန့် စစ်ဆေးရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့ကိုမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ  ဥပဒေအရအရေးယူထားကြောင်း သိရသည်။                                                                     ဆွေဦး






အခြားဆက်စပ်သတင်းများ