နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသားစွမ်းရည်ပြည့်ဝရေး အားထုတ်ကြိုးပမ်း

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၏ အောင်မြင်မှု အဓိကအချက်မှာ အရည်အချင်းပြည့်ဝသည့် လုပ်သားထုဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကကျပေသည်။ အရွယ်ရောက်သူတိုင်း ကောင်းမွန်သည့်လုပ်ငန်းခွင်သို့ အလုပ်အကိုင်အခွင့်အလမ်းသစ် များ ဖန်တီးပေးရန် လိုအပ်ပေသည်။ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးခြင်းဖြင့် ပြည်သူတို့၏ လူနေမှုအဆင့်အတန်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပေသည်။ 


လူနေမှုအဆင့်အတန်း မြင့်မားလာသည်နှင့် ဆင်းရဲမှုလျှော့ချ ရေး လုပ်ငန်းစဉ်များကို အထောက်အကူပြုမည် ဖြစ်ပေသည်။ အာဆီယံလုပ်သားဈေးကွက်တွင်  လူငယ်၊  လူရွယ်များကို နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာ မြှင့်တင်နိုင်မှသာ ကျွမ်းကျင်လုပ်သား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်မည် ဖြစ်ပေသည်။ 


နိုင်ငံတော်အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများအား ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်များ တိုးတက်ရရှိရေးအတွက် ဆောင်ရွက် လျက်ရှိပေသည်။ သက်ဆိုင်ရာဌာနများက အလုပ်အကိုင် အခွင့်အလမ်း၊ အလုပ်သမားဈေးကွက် ဖွံ့ဖြိုးတိုးတက်လာရေးနှင့် အလုပ်သမားများ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်လာရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ  သင်တန်းများကို ပုဂ္ဂလိကနှင့် ဌာနဆိုင်ရာများကပါ ပိုမိုပါဝင်ဆောင်ရွက်လျက် ရှိသည်။ 


အလုပ်သမားဝန်ကြီးဌာနမှ အလုပ်ရှင်နှင့် အလုပ်သမားများ လုပ်ငန်းခွင်အေးချမ်းသာယာရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေး နေကြောင်း၊ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ အများဆုံးဖော်ဆောင်ပေးပြီး ပြည်ပဝင်ငွေ ရှာဖွေပေးနေသည့် CMP လုပ်ငန်းများသည် မြန်မာလုပ်သားထုနှင့် မြန်မာနိုင်ငံသား များအတွက် ရေတို၊ ရေရှည် အကျိုးစီးပွားဖြစ်ထွန်းစေသည့်             စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်ပေါ်နေသည့် အလုပ်သမားများကို New Normal အခြေအနေနှင့်အညီ အသစ်ဖွင့်လှစ်လုပ်ကိုင်သည့် စက်ရုံများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းနှင့် ပြည်ပမှ ပြန်လည်ဝင်ရောက် လာသည့် အလုပ်သမားများ၏ကျွမ်းကျင်မှု၊ နည်းပညာများနှင့် ကိုက်ညီသည့် အလုပ်အကိုင်ရရှိရေးနှင့် နည်းပညာများကို သင့်လျော်သည့်နေရာများတွင် ပြန်လည်အသုံးပြုနိုင်ရေး ချိတ်ဆက် ဆောင်ရွက်သွားရန်လိုကြောင်း CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ  ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၄ ရက်က နေပြည်တော် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ထည့်သွင်းမှာကြားခဲ့သည်။


နိုင်ငံတစ်နိုင်ငံတွင် အဓိကလိုအပ်ချက်မှာ လူသားအရင်းအမြစ်၊ အတတ်ပညာ၊ ဓနအင်အား၊ သဘာဝသယံဇာတတို့ ဖြစ်ပေသည်။ မိမိဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများ  ကို လေ့လာသင်ယူလိုက်နာပြီး ကြိုးစားအားထုတ်ကာ အလုပ် လုပ်ကြရမည်ဟု ဆိုချင်ပါကြောင်း။       ။






အခြားဆက်စပ်သတင်းများ