နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသံထက်မြန်သည့်ဒုံးကျည် စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယား အသိပေးကြေညာ

ပြုံယမ်း  အောက်တိုဘာ  ၁


မြောက်ကိုရီးယားအနေဖြင့် နောက်ဆုံးစမ်းသပ်လိုက်သည့် မစ်ဇိုင်းဒုံးကျည်သည် အသံထက်မြန်သောနည်းပညာဖြင့် တည်ဆောက်ထားသည့် အမျိုးအစားသစ်ဖြစ် ကြောင်း နိုင်ငံပိုင်သတင်းမှတစ်ဆင့် ကြေညာလိုက်သည်။ အဆင့်မြင့်နည်းပညာနှင့် တည်ဆောက်ထားပြီး ပထမအကြိမ်စမ်းသပ်ခဲ့သည့် Hwasong-8 ဟု အမည်ပေး ထားသည့် hypersonic မစ်ဇိုင်းဒုံးကျည်ကို Jagang ပြည်နယ်မှ ပစ်လွှတ်လိုက်သည့် ပုံကိုလည်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက ပြသခဲ့ခြင်းဖြစ်သည်။ 


အဆိုပါ စမ်းသပ်မှုမှာ အောင်မြင်ခဲ့ကြောင်း သတင်းက ဖော်ပြခဲ့သလို၊ ဇန်နဝါရီလ အတွင်း ကျင်းပခဲ့သည့် နိုင်ငံရေးအစည်းအဝေးတွင် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un လမ်းညွှန်ခဲ့သည့် ၅ နှစ်ကာကွယ်ရေးစီမံကိန်းတွင် ဦးစားပေးလုပ်ငန်း ၅ ခုအနက် အသံထက်မြန်သည့် မစ်ဇိုင်းဒုံးတည်ဆောက်ရေးမှာ တစ်ခုအပါအဝင် ဖြစ်ကြောင်း ဖော်ပြထားသည်။ 


မြောက်ကိုရီးယားသည် အသံထက်မြန်သော မစ်ဇိုင်းဒုံးတည်ဆောက်နေခြင်းမှာ အမေရိကန်ပြည်ထောင်စုနှင့် အာရှအရှေ့မြောက်ဒေသက အမေရိကန်မစ်ဇိုင်းဒုံးရန် ကာကွယ်ရေးစနစ်ကို ထိုးဖောက်နိုင်ရန်ကြိုးပမ်းနေသည့် အထောက်အထားသစ် အဖြစ်လည်း ကာကွယ်ရေးဆိုင်ရာကျွမ်းကျင်သူတွေက ယူဆလျက်ရှိသည်။

ရဲခေါင်(ref:AFP)






အခြားဆက်စပ်သတင်းများ