နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မောင်တော၊ လားရှိုးနှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ရန်ကုန်၊  အောက်တိုဘာ  ၅


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မောင်တော မြို့နယ် ဇော်မတက်ကျေးရွာအုပ်စု ကိုင်းကြီးကျေးရွာနေ ရွှေကောင်း၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၄၁၅ ပြားကို လည်းကောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီတွင် လားရှိုးမြို့နယ်၊ မန်အိုင် ကျေးရွာအုပ်စု မန်အိုင်ကျေးရွာအနီး တွင် အားယုံမောင်းနှင်ပြီး လချာမီး(ခ)စုစု လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယင်းတို့ထံ မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၁ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်အရ မွန်းတည့် ၁၂ နာရီတွင် နမ့်ကျန်ကျူးကျေးရွာနေ ရန်ဝင်း၏နေ အိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၅၇၅ ပြားကို လည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီ တွင် မိုင်းဆတ်မြို့နယ် ဟိုနားကျေးရွာ အုပ်စု ဟိုနားကျေးရွာအနီးတွင် ဝင်းမြင့်ဦး (ခ) အပေါ် မောင်းနှင်လာ သည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာစိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့ကိုလည်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရအရေးယူထား ကြောင်း သိရသည်။                                     ဆွေဦး






အခြားဆက်စပ်သတင်းများ