နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိန်းဖြူ ၃၉ ဒသမ ၆ ကီလို သိမ်းဆည်းရမိ

ရန်ကုန်၊ အောက်တိုဘာ ၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချို  မြို့၌ ငွေကျပ်သိန်း ၅၉၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများသိမ်းဆည်းရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရ သည်။


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃ ရက်၊ ည ၉ နာရီခွဲ တွင် နောင်ချိုမြို့အဝင် အိုရီယမ်တယ် တိုးဂိတ်အနီးတွင် သီပေါမှ မန္တလေးသို့ စိုင်းစံဆာ (ခ) အိုက်စံ ၅၅ နှစ် မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၅၉၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၉ ဒသမ ၆ ကီလို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော် ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူ များကို သီပေါမြို့နယ်မှ မန္တလေးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရ သဖြင့် ယင်းကို ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 ဆွေဦး






အခြားဆက်စပ်သတင်းများ