နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသားထုတ်လုပ်မှု၊ နို့နှင့် နို့ထွက်ပစ္စည်း တိုးမြှင့်ထုတ်လုပ်

မျက်မှောက်ကာလ၌ လူမှုဘဝ ဝန်းကျင်ရှိ အချို့အချို့ငယ်ရွယ် သူတို့ကိုကြည့်လျှင် ကိုယ်ခန္ဓာသေးကွေးပါးလျားနေသည်ကို တွေ့ရမည်ဖြစ်သည်။ ခန္ဓာကိုယ်ဖွံ့ထွားရေးအတွက် အရွယ်လွန်သူ များ ပြုပြင်ရန်ခက်သည်။ ငယ်ရွယ်စဉ်ဘဝမှာပင် မိမိကိုယ်ခန္ဓာ ဖွံ့ဖြိုးရေးကို အလေးဂရုပြုကြရမည်ဖြစ်သည်။ 


ယနေ့အခြေအနေတွင် လူငယ်လူရွယ်များမှာ အခြားအပိုချိန် များတွင် ကုန်လွန်လျက်ရှိပြီး ကျန်းမာကြံ့ခိုင်ရေးကို ဂရုမစိုက်နိုင် ကြသည်ကို တွေ့မြင်နေရပေသည်။ အာဟာရဓာတ်မပြည့်ဝသဖြင့် အာဟာရဓာတ်ချို့တဲ့မှုရာခိုင်နှုန်းများနေသည်။ မြန်မာနိုင်ငံသားတို့ မှာ မိမိတို့ဝမ်းဝလျှင် ပြီးရော သဘောမျိုးဖြင့် အာဟာရရှိရှိ၊ မရှိရှိ မည်သည့်ဆန်အမျိုးအစားမဆို စားသုံးတတ်ကြသည်။ လိုအပ်နေ သော အာဟာရဓာတ်များမှာ သံဓာတ်၊ ဗီတာမင်ဓာတ်နှင့် ဇင့်ဓာတ် တို့ဖြစ်သည်။


အသားအာဟာရကို ပြည်သူများ ပြည့်ဝဖူလုံစွာ စားသုံးနိုင်ရေး၊ အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေးနှင့် အရည်အသွေး မြင့်ပို့ကုန် တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် မွေးမြူထုတ်လုပ်မှု တိုးချဲ့ရေး၊ အသားထုတ်လုပ်မှုမြင့်မားသောမျိုးများအဖြစ် မြှင့်တင် ခြင်းနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများအပါအဝင် မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။ 


ကျွန်ုပ်တို့နိုင်ငံတွင် နွားမွေးမြူရေးလုပ်ငန်းသည် ကျေးလက် ဒေသတွင် အဓိကအကျဆုံးနှင့် အရင်းအနှီးအများဆုံး လုပ်ငန်းပင် ဖြစ်သည်။ ကျေးလက်ဒေသနေ တောင်သူလယ်သမားအများစု သည်  နွားမွေးမြူရေးလုပ်ငန်းကို  ဆောင်ရွက်လျက်ရှိရာ နွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာပါက လယ်သမားတို့၏ လူမှုစီးပွားဘဝ မြင့်မားလာမည်ဖြစ်ပေသည်။ 


ယင်းကဲ့သို့ဆောင်ရွက်ခြင်းဖြင့် နှစ်စဉ်တင်သွင်းနေရသော နို့နှင့် နို့ထွက်ပစ္စည်းများ လျော့နည်းသွားမည်ဖြစ်သည်။ မြန်မာ့ တိုင်းရင်းမျိုးကောင်းမျိုးသန့် နွားမများကို အသားထွက်နှုန်းမြင့်မား သည့် ယင်လင့်နွားမျိုးများနှင့် မျိုးစပ်ပြီး ကာလတိုအတွင်း အသားထွက်နှုန်းစံချိန်မီသည့် အသားတိုးနွားများ မွေးမြူထုတ်လုပ် လျက်ရှိရာ ရောင်းတန်းဝင်အသားတိုးနွားများကို စည်သွပ်စက်ရုံ နှင့်ဒေသတွင်း အသားအရောင်းဆိုင်များသို့ ထုတ်လုပ်ပေးလျက်ရှိ ရာမှ ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။


နွားနို့ကို နေ့စဉ်သောက်သုံးခြင်းဖြင့် သန်မာထွားကြိုင်း ဉာဏ်ရည်ဖွံ့ဖြိုးသော လူငယ်လူရွယ်များအဖြစ် ရောက်ရှိစေမည် ဖြစ်သည်။ အရိုးအဆစ်များ သန်မာစေသည်။ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးစေသည်။ နွားနို့တွင် သကြားဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်နှင့် အင်ဇိုင်းဓာတ်များ ပါဝင်သကဲ့သို့ အမိုင်နို အက်ဆစ်ဓာတ် ၁၈ မျိုးပါဝင်ကြောင်း သိရပေသည်။ နွားနို့ သောက်သုံးခြင်း အလေ့အကျင့်ဖြစ်ရေး၊ အာဟာရမြှင့်တင်ရေး    ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ