နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေပြည်တော် ဘောဂသိဒ္ဓိရပ်ကွက်တွင် မီးလောင်မူဖြစ်ပွား

နေပြည်တော်၊ စက်တင်ဘာ ၃၀


ပြည်ထောင်စုနယ်မြေ နေပြည် တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိ ရပ်ကွက်တွင် စက်တင်ဘာ ၂၉ ရက် နေ့လယ် ၃ နာရီဝန်းကျင် အချိန်က ဝန်ထမ်းအိမ်ရာ တိုက်ခန်းတွင် မီးလောင်မူဖြစ်ပွားခဲ့ကြောင်း သိရ သည်။


ဖြစ်စဉ်မှာ ဘောဂသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၆၀၁၊ တိုက်ခန်းအမှတ် ၂၂  ရှိ အဲကွန်းသို့ ဆက်သွယ်ထားသည့် ပြင်ပလျှပ်စစ်ကြိုး အပူလွန်ကဲရာမှ လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရ ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက် သေဆုံးခြင်းမရှိကြောင်း သိရသည်။


မီးလောင်ကျွမ်းသည့်အချိန်တွင် တိုက်ခန်းနေသူများမှာ ရုံးတက်တာဝန် ထမ်းဆောင်လျက်ရှိပြီး မီးလောင်ပြီး ၁၅ မိနစ်ခန့် အကြာတွင် မီးငြိမ်းသွား ခဲ့ကြောင်း သိရသည်။


မီးလောင်မူဖြစ်ပွားရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေမျိုး ထွန်း၊ ဇမ္ဗူသီရိမြို့နယ်မီးသတ်ဦးစီးမှူးဦးဝင်းကျော်နှင့် တပ်ဖွဲ့ဝင်များရောက်ရှိ စစ်ဆေးမူများ ဆောင်ရွက်ခဲ့ကြောင်း မီးလောင်ပျက်စီးကြောင်း မီးလောင် ပျက်စီးမှုကြောင့် စုစုပေါင်းခန့်မှန်း ဆုံးရှုံးမှုမှာ ငွေကျပ် ၇၅၀၀၀ ခန့်ရှိကြောင်း သိရသည်။                           

မောင်ယဉ်ဦး






အခြားဆက်စပ်သတင်းများ