ဗန်းမော်၊ စက်တင်ဘာ ၃၀
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ကမ်းနားလမ်း၌ ဆိုင်ကယ်စီးလာသူ ထံမှ ငွေကျပ် ၁၃၇ သိန်းကျော်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု ၁ ဗန်းမော် မှ ရဲအုပ်ကျော်စိုးဝင်းနှင့်အဖွဲ့ သည် စက်တင်ဘာ ၂၈ ရက် ည ၇ နာရီခွဲကျော်ခန့်က သတင်းအရ ဗန်းမော်မြို့ ကမ်းနားလမ်း၌ စောင့် ဆိုင်းနေစဉ် ရွှေဗန်းမော်စက်လှေဆိပ် ဘက်မှ မီတုံမျိုးဆန့် မောင်းနှင်ပြီး မီတုံအေဒီဆိုင်းမိုင် လိုက်ပါလာသည့် ကန်ဒါ-၁၂၅ ဆိုင်ကယ်ကို စစ်ဆေး ရန် ရပ်တန့်ခိုင်းစဉ် နောက်ထိုင်လိုက်ပါ သည့် မီတုံအေဒီဆိုင်းမိုင်သည် ဆိုင်ကယ်ပေါ်မှ လမ်းတစ်ဖက်ရှိ မြစ်အတွင်းသို့ ခုန်ချထွက်ပြေးသွားခဲ့ ကြောင်း သိရသည်။
ယင်းနောက် မီတုံမျိုးဆန့်နှင့် ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ စုစုပေါင်း ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၆၈၆၀ ပြား၊ အလေးချိန် ၆၁၇ ဒသမ ၄ ဂရမ်၊ ဒေသပေါက်ဈေး ၁၃,၇၂၀,၀၀၀ ကျပ် တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး မီတုံ မျိုးဆန့်(၂၄)နှစ်၊ ခါနန်ရပ်ကွက်၊ မိုးမောက်မြို့နေသူနှင့် မီတုံအေဒီ ဆိုင်းမိုင်(စုံစမ်းဆဲ)တို့ကို ဗန်းမော် မြို့မရဲစခန်းက မယ (ပ)၉၄/၂၀၂၁ ၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် လှစ်ထားကြောင်း သိရသည်။ မိုးသို့ဟိန်း