နေပြည်တော်၊ စက်တင်ဘာ ၃၀
သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ် ဖမ်းဆီးရေးကို ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အပါ အဝင် နည်းလမ်းမျိုးစုံဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်၊ သစ်တော ဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၃၄ ဒသမ ၃၅၁၄ တန်၊ သစ်မာ ၁၄ ဒသမ ၃၉၇၆ တန်၊ အခြား ၂၀ ဒသမ ၃၅၂၄ တန် စုစုပေါင်း ၆၉ ဒသမ ၁၀၁၄ တန်၊ ပြစ်မှုကျူးလွန်သူ ၂၂ ဦး၊ ယာဉ်/ယန္တရား ၁၆ စီး ဖမ်းဆီးရမိခဲ့ကြောင်းသစ်တောဦးစီးဌာနမှ သိရသည်။
ဆွေဦး