ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေခြင်းဖြင့် စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်းကာ နေကောင်းထိုင်သာရှိသည်သာမက ကျန်းမာရေးကိုပါ အထောက်အကူပြုစေသည့်အသိကို လူတိုင်း ဂရုပြုကြမှာ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်ရာ စိတ်ကြည်လင် လန်းဆန်းစွာနေထိုင်ရသော ပတ်ဝန်းကျင်ကိုရရှိရန် မိမိတို့ သည် အမှိုက်ကိုစနစ်တကျစွန့်ပစ်သည့်အလေ့အကျင့်ကို ရှင်သန်ဖွံ့ဖြိုး အောင် ကြိုးပမ်းကြရမည်ဖြစ်သည်။
မိမိပတ်ဝန်းကျင်တွင် အမှိုက်သရိုက်ကင်းစင် သန့်ရှင်းမှုရှိခြင်း နှင့် အမှိုက်သရိုက်များဖြင့် ပြည့်နှက်ရှုပ်ထွေးနေခြင်းဟူသည့် အနေအထားနှစ်မျိုး၏ခံစားမှုချင်း အလွန်ကွဲပြားခြားနားသည် ဆိုသည်ကို လူတိုင်းသိရှိကြမည်ဖြစ်ပါသည်။ မိမိနေအိမ်၊ဝန်ထမ်း အိမ်ရာများတွင် ချုံနွယ်ပိတ်ပေါင်းရှင်းလင်းခြင်း၊ အမြင်မတင့်တယ် သည်များကို ပြုပြင်ရှင်းလင်းဆောင်ရွက်ခြင်း ဖြင့် မျက်စိပသာဒ ကောင်းမွန်သကဲ့သို့ လူတို့၏ကျန်းမာရေးအထောက်အကူပြုစေ သည်။
မီးဖိုဆောင်ထွက်အမှိုက်သရိုက်များကို သတ်မှတ်အမှိုက်ကန်၊ အမှိုက်ပုံရန်နေရာတွင် သတ်မှတ်အချိန်အတွင်း၌သာ စွန့်ပစ်ရန် လိုအပ်ပေသည်။ လမ်းသွားလမ်းလာများ ခရီးသည်များသည် အမှိုက်များကို အလွယ်တကူမစွန့်ပစ်ဘဲ လမ်းရှိအမှိုက်ပုံးနေရာ ရောက်မှ စွန့်ပစ်ရပေမည်။ ယနေ့ကာလတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အိမ်ပြင်ထွက်သူတိုင်း Mask တပ်ဆင်သွား လာကြရာ၊ တချို့မှာသုံးစွဲပြီး Mask များကို စနစ်တကျချည် နှောင်ပြီး အမှိုက်ပုံးများအတွင်း စွန့်ပစ်ခြင်းမပြုဘဲ၊ အမှိုက်ပုံး အနီးတွင် စွန့်ပစ်ထားကြသည်။
လမ်းသွားလမ်းလာများအတွက်ချထားသော အမှိုက်ပုံးများ တွင် ညစ်ညမ်းမှုဖြစ်စေသော အမှိုက်များစွန့်ပစ်ခြင်း၊ ကွမ်း တံတွေးများထွေးခြင်း၊ နှပ်ညှစ်ခြင်း၊ သလိပ်၊ တံတွေးအန်ဖတ် အရည်များစွန့်ပစ်ရမည်ဖြစ်ပေသည်။
အများသုံးစင်္ကြံ၊ လူသွားလမ်းများတွင် အမှိုက်နှင့်စက်ဆုပ် ဖွယ်ရာချမထားရန်နှင့် သတ်မှတ်စွန့်ပစ်နေရာမှအပ နောက်ဖေး လမ်းကြား၊ မြေလွတ်၊ မြေလပ်နှင့် ရေမြောင်းများတွင် စွန့်ပစ်ခြင်း မပြုရန်ဆင်ခြင်ရမည်။
စက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေးလုပ်ငန်းမှ စွန့်ပစ်ပစ္စည်းနှင့် စွန့် ပစ်ရည်များကို ရေတွင်း၊ ရေကန်၊ အဝီစိတွင်း၊ ရေမြောင်းနှင့် မြစ် ချောင်းများအတွင်း စွန့်ပစ်ခြင်းမပြုရန်လိုအပ်သကဲ့သို့ ယာဉ်များ ပေါ်မှ လမ်းပေါ်သို့ စည်းကမ်းမဲ့အမှိုက်များ စွန့်မပစ်ရန်လည်း ထိန်းသိမ်းရမည်။ အမှိုက်နှင့်ပတ်သက်သည့်အခါအားလျော်စွာ သတိပေးချက်များကို မြို့ပြနေပြည်သူများ သတိပြုဆင်ခြင် လိုက်နာစေချင်ကြောင်း ။ ။