ကမ္ဘာတစ်ဝန်းဖွံ့ဖြိုးဆဲနိုင်ငံများတွင် သက်ကြီးရွယ်အိုဦးရေ သည် အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားနေသည်။ နိုင်ငံတကာ တွင် အသက် ၆၀ နှင့်အထက်ကို သက်ကြီးရွယ်အိုအဖြစ် သတ်မှတ်ထားသည်။ မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုအရေအတွက် လေးသန်းခွဲခန့်ရှိကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန် ချက်များအရ သိရသည်။
မြန်မာနိုင်ငံသက်ကြီးရွယ်အိုဆိုင်ရာဥပဒေတွင် အသက် ၆၀ နှစ်အထက်ကို သက်ကြီးရွယ်အိုအဖြစ် သတ်မှတ်ထားသည်။ အဘိုး၊ အဘွားများ၏ဘဝရှေ့ရေးသာယာချမ်းမြေ့မှုကို စောင့် ရှောက်ကာကွယ်ကူညီတတ်သည့် မြန်မာတို့၏ လူနေမှုဓလေ့ စရိုက်အစဉ်အလာများ၊ သက်ကြီးရွယ်အိုများကို အလေးထား သော ကူညီစောင့်ရှောက်မှုများသည် မွန်မြတ်သောပရဟိတ လုပ်ငန်းများဖြစ်သည်။
အဘိုး၊ အဘွား၊ မိဘများနှင့် သား၊ သမီး၊ မြေး၊ မြစ်များ အတူ တကွ ချစ်ချစ်ခင်ခင်နေထိုင်ခြင်း၊ အဘိုးအဘွားမိဘတို့ကို သား၊ သမီး၊ မြေးမြစ်များက ရိုသေလေးစားခြင်း၊ ကျေးဇူးရှင်များအဖြစ် ဦးထိပ်ပန်ဆင်ခြင်း၊ သား၊ သမီးဝတ်ငါးပါးနှင့်အညီ ကျေးဇူးဆပ် ခြင်း၊ ပြန်လည်ပြုစုစောင့်ရှောက်ခြင်း စသည့် ဓလေ့စရိုက်သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများအကြားတွင် ချစ်စရာ ဓလေ့စရိုက်အဖြစ် ယနေ့တိုင် မယိုင်မလဲခိုင်မြဲလျက်ရှိပေသည်။
သက်ကြီးရွယ်အို အမိ၊ အဖ၊ ဘိုးဘွားတို့ကို ကူညီစောင့်ရှောက် ကြသူများရှိသကဲ့သို့ ဥပေက္ခာပြုထားကြသူများ၊ ပစ်ပယ်ထားကြ သူများ စွန့်ပစ်ထားကြသူများလည်းရှိသည်ကို ကြားသိတွေ့မြင် နေရပေသည်။ မြန်မာလူမျိုးတို့သည် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားကာ စေတနာ၊ သဒ္ဓါတရားလွန်စွာထက်သန်သော လူမျိုး ဖြစ်ကြောင်း၊ ကမ္ဘာက အသိအမှတ်ပြုထားသည်။ ယနေ့အခြေ အနေတွင် ဘဝနေထိုင်မှုပြောင်းလဲလာပြီး မိသားစုထဲတွင် အလုပ် လုပ်ကိုင်နိုင်သည့် အသက်အရွယ်အားလုံးနီးပါးသည်အပြင်ထွက် စီးပွားရှာလာကြရာ အိမ်တွင် တစ်ဦးတည်းကျန်ခဲ့သည့်ဘိုးဘွား များ အထီးကျန်ခံစားလာကြရသည်။
ဘဝကို သက်သက်သာသာဖြတ်ကျော်သူ၊ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲဖြတ်ကျော်သူတို့သည် ဒုက္ခ၊ သုခလောကဓံတရားကို သိရှိနားလည်ကြပြီး တစ်ဦးနှင့်တစ်ဦး အတွေ့အကြုံချင်းမတူညီ နိုင်သော်လည်း သက်တူရွယ်ချင်းအိုသူနှင့် ပျိုသူဟူ၍ကွာခြားနိုင် သည်။ ဖြူစင်သောစိတ်ထား ထားရှိခြင်းဖြင့် အိုသူသည် ပျိုသူဖြစ် လာနိုင်သည်။ လူတိုင်းအသက်ရှည်ရှည်နေရမည်ဆိုပါက တစ်နေ့ အိုကြရဦးမည်။
အို၍ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ပယ်လိုက်ကြသည့် သက် ကြီးရွယ်အိုများ အထီးကျန်ခံစားမှုများမဖြစ်ပေါ်အောင် မိသားစု လူမှုအသိုင်းအဝိုင်းက နွေးထွေးစွာဆက်ဆံကာ စောင့်ရှောက်ကြ ခြင်းဖြင့် လူမှုဘဝတိုးတက်စေချင်ကြောင်း ။ ။