နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်တံတားမြို့နယ် မြို့နယ်ရဲစခန်းဘေး ပေါက်ကွဲမှုဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၂၈


ကျောက်တံတားမြို့နယ်၊ (၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်း (ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်း ကြား) Yangon Heritage Hotel နှင့် ကျောက်တံတားမြို့နယ် ရဲစခန်း ကြား ယနေ့ နံနက် ၇ နာရီခွဲခန့်က လက်လုပ်ဗုံး ပေါက်ကွဲသည်။ 


ပေါက်ကွဲမှု ဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးချက်အရ Yangon Heritage Hotel ၄ လွှာဘက်မှ ကျောက်တံတား ရဲစခန်းသို့ လက်လုပ်ဗုံးပစ်ထည့်ရာ ရဲစခန်းအတွင်းမကျဘဲ ရဲစခန်းနှင့် ဟိုတယ်ကြား အရေးပေါ်လှေကား တွင် ကျရောက်ပေါက်ကွဲခြင်းဖြစ် ကြောင်း၊ ပေါက်ကွဲမှုကြောင့် လူပစ္စည်း ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး ရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ