နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

ရန်ကုန်၊ စက်တင်ဘာ ၂၈


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၆ ရက်  ညနေ ၆ နာရီခွဲတွင် မိုးညှင်း မြို့နယ် ရွှေဘို - မြစ်ကြီးနားကားလမ်း ကီလိုမီတာတိုင်အမှတ် ၂၉၇ နှင့် ၂၉၈ ကြားတွင် မြင့်မြတ်ဝေသူ(ခ) ဝေသူ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၄၂၀ ကိုလည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်၊ မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်း မြို့နယ် အမှတ် ၂  ရပ်ကွက် သမိုင်းဘူတာ ရုံလမ်းအနီးတွင် အောင်ဇော်ထွန်း(ခ)  အောင်လေးမောင်းနှင်ပြီး အောင်စိုးမိုး (ခ) အာကြီးလိုက်ပါလာ သည့်ယာဉ်ကို စစ်ဆေးရှာဖွေရာ အောင်စိုးမိုးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ သိမ်း ဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်အရ ညနေ ၄နာရီတွင် သန်လျင် မြို့၊ မြို့ဟောင်းအရှေ့ ရပ်ကွက် သောက်တော်တွင်း ၉ လမ်းနေ မတင်ဥကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာ အုပ်စု ဟွေတာ ၃ ကျေးရွာနေ အားဂျယ်၏ နေအိမ်ကို စစ်ဆေးရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၄၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ