နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွန်ဟိန်းမြို့နယ်၌ ဘိန်းစိမ်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

ကွန်ဟိန်း၊ စက်တင်ဘာ ၂၈


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၆ ရက်က ကွန်ဟိန်းမြို့နယ် တာကော် ကျေးရွာအုပ်စု ဖန်လန်းကျေးရွာအနီး တွင် စိုင်းမန်မောင်းနှင်ပြီး လျန်းမွန်း လိုက်ပါလာသည့် ယာဉ်အားစစ်ဆေး ရှာဖွေရာ ယာဉ်အတွင်းမှ ဘိန်းစိမ်း ၆၇ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ တာကော် ကျေးရွာအုပ်စု ဖန်လန်းကျေးရွာဘုန်းကြီးကျောင်းရှိ စိုင်းမန်နေထိုင်သည့် အခန်းအား ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းမန် နှင့် လျန်းမွန်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။                  ဆွေဦး






အခြားဆက်စပ်သတင်းများ