နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိတ်ရွှင်လန်းအပန်းဖြေ

ကိုဗစ်-၁၉ ကပ်ရောဂါ   တစ်ကမ္ဘာလုံးဖြစ်ပွားနေဆဲဖြစ်၍ မြန်မာနိုင်ငံတွင် ခရီးအသွားအလာများ ကန့်သတ်ထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် စိန်ခေါ်မှု အခက်အခဲများရှိသည့် ကြားမှ ပြည်သူအားလုံး၏တူညီသည့်ဆန္ဒကိုဆိုရပါလျှင် ခရီးသွား လိုခြင်းဖြစ်သည်။ 


ခရီးသွားခြင်းသည်  စိတ်ရွှင်လန်းအပန်းပြေပြီး  မိမိတို့၏ မွန်းကျပ်နေသောစိတ်များ ထွက်ပေါက်ပိတ်နေသောစိတ်များကို လျော့ပါးသက်သာစေပါသည်။ နိုင်ငံတကာမှ ပြည်သူများသည်     မိမိတို့၏အားလပ်ရက်များတွင်ဖြစ်စေ အပန်းဖြေခရီးထွက်ကြပြီး စိတ်လက်ပေါ့ပါးလန်းဆန်းအပန်းပြေသောအခါ မိမိတို့၏လုပ်ငန်း ဆောင်တာများကို အတွေးသစ်အမြင်သစ်ဖြင့် ပိုမိုထွန်းသစ်အောင် လုပ်ဆောင်နိုင်ကြပါသည်။


မြန်မာနိုင်ငံပြည်သူများအနေဖြင့် ခရီးသွားလာခြင်းကို ပိုမို လိုလားနှစ်သက်ကြပါသည်။ မြန်မာနိုင်ငံသည် ဆယ့်နှစ်လရာသီ ပွဲလမ်းသဘင်များနှင့် ရှေးအစဉ်အဆက်ယဉ်ကျေးမှုအစဉ်အလာ မပျက် နိုင်ငံတစ်ဝန်းပြုလုပ်လေ့ရှိသည်။ နိုင်ငံအနှံ့တွင် လည်ပတ် ချင်စရာ၊ အပန်းဖြေစရာနေရာဌာနများ များစွာရှိသည်။ နိုင်ငံသူ နိုင်ငံသားများသည် တစ်နှစ်တစ်ခါသာမက အားလပ်ရက်များ၌ တစ်ဦးချင်းအလိုက် မိသားစု အစုအဖွဲ့အလိုက်သွားရောက်လည် ပတ်အပန်းဖြေလေ့ရှိကြသည်။ မိမိတို့ဘဝများကို ပျော်ရွှင်ချမ်းမြေ့ စရာများတွင် ပိုမိုအချိန်ပေးလေ့ရှိကြသည်။


၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလာသဖြင့်  ကူးစက် ရောဂါဘေးဆိုင်ရာထုတ်ပြန်ထားသော ကျန်းမာရေးစည်းမျဉ်း၊ စည်းကမ်းဥပဒေသတ်မှတ်ချက်များအရ    အသွားအလာများ ကန့်သတ်ခြင်း၊ လည်ပတ်စရာနေရာများ၊ အပန်းဖြေစရာနေရာ များ ခေတ္တပိတ်သိမ်းထားခြင်းကြောင့် ခရီးသွားလာမှု လျော့ကျ လာသည်။


မြန်မာနိုင်ငံအနေဖြင့်  ခရီးသွားလုပ်ငန်းများ  မကြာခင်မှာ ပြန်လည်စတင်နိုင်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေနှင့် သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည်    ခရီးသွား လုပ်ငန်းများ အမြန်ဆုံးပြန်လည်စတင်သွားရေးကိစ္စများကို အထူး အလေးအနက်ထားမှာကြားရာတွင် မြန်မာနိုင်ငံမှာ မှီတင်းနေထိုင် ကြတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိပြီး တိုင်းရင်းသားလူမျိုးစု တိုင်းမှာ မတူညီတဲ့ယဉ်ကျေးမှုဓလေ့စရိုက်တွေ၊ သက်ဝင်ယုံကြည် မှုတွေ၊ ရိုးရာပွဲတော်တွေနဲ့၊ ဒေသထွက်ပစ္စည်းများ၊ အစားအသောက် များစတဲ့ အလွန်စိတ်ဝင်စားစရာတွေကို ပိုင်ဆိုင်ထားကြောင်း တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ပေးဖို့၊ ကျေးလက်ဒေသနေပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့နဲ့၊ သဘာဝပတ်ဝန်းကျင်ကို  ထိန်းသိမ်းဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်နေသော ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းကို အထူးအလေးထားပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ရန် မှာကြားခဲ့သည်။


မကြာမီ ပွင့်လင်းရာသီရောက်ရှိလာပြီး ပြည်သူများ၏ စိတ် နှလုံးချမ်းမြေ့စွာဆောင်ရွက်နိုင်ရေး ခရီးသွားလည်ပတ်ရေး၊ အစီ အစဉ်များတွင် ဥပဒေစည်းကမ်းများကိုလိုက်နာပြီး စိတ်မွန်းကျပ် မှုများကို ဖြေလျှော့နိုင်ရေး ဆောင်ရွက်စေချင်ကြောင်း ။        ။






အခြားဆက်စပ်သတင်းများ