ရန်ကုန် စက်တင်ဘာ ၂၇
လှိုင်မြို့နယ်၊ ၈ ရပ်ကွက်၊ ဗဟိုလမ်း၊ ကမာရွတ် ဘူတာရုံ အနီး အုတ်တံတိုင်းဘေးတွင် ယနေ့နံနက်
၅ နာရီ ၄၅ မိနစ်အချိန်က ပေါက်ကွဲမှုဖြစ်ပွား သည်။ ပေါက်ကွဲမှု ဖြစ်ပွား ရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ လက် လုပ်ဗုံး သုံးလုံးပေါက်ကွဲခြင်း ဖြစ်ကြောင်း၊ National ဓာတ်ခဲ လေးလုံး၊ 9V ဓာတ်ခဲတစ်လုံး၊ အစိမ်းရောင်မီးတိပ် အပိုင်းအစ များ၊ Keypad Phone အပိုင်း အစများနှင့် ပလတ်စတစ်အပိုင်း အစများကို တွေ့ရှိကြောင်း၊ ပေါက်ကွဲမှုကြောင့် လူပစ္စည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့မှ ပတ်ဝန်းကျင်ကို ဆက်လက် ရှင်းလင်းရာ ပေါက်ကွဲသည့် နေရာနှင့် ၁၀ ပေခန့်အကွာတွင် ပေါက်ကွဲ ခြင်း မရှိသေးသည့် လက်လုပ်ဗုံး သုံးလုံးကို ၁၀ ပေခန့်စီခြား၍ ထပ်မံ တွေ့ရှိသဖြင့် သက်မဲ့ ပြုလုပ်ခဲ့ရာ ဝါယာကြိုးဖြင့် ဆက်သွယ်ထားသောအလျား ၆ လက်မ၊ အနံ ၄ လက်မ၊ အမြင့် ၂ လက်မခန့်ရှိအစိမ်းရောင် မီးတိပ်ဖြင့် ပတ်ထားသော ကော်ဘူး သုံးဘူး၊ ငွေရောင် LoLo Keypad Phone နှစ်လုံး၊ အပြာရောင် LoLo Keypad Phone တစ်လုံး၊ Panasonic ဓာတ်ခဲခြောက်လုံး၊ ဓာတ်ခဲအသေးကိုးလုံး၊ သံတို သံစ အပိုင်းအစများနှင့် ယမ်းမှုန့်များကို တွေ့ရှိကြောင်း နှင့် ပြစ်မှုကျူးလွန်သူများကိုဖော်ထုတ် ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
မိုးမြင့်မောင်