ဝါရှင်တန် စက်တင်ဘာ ၂၇
တရုတ်နှင့်ပတ်သက်သည့် စိုးရိမ် ပူပန်မှုများအကြား မဟာမိတ်ဖွဲ့ခဲ့သည့် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျနိုင်ငံများမှ ခေါင်းဆောင် များသည် ယင်းတို့၏ ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးပွဲတွင် အတင်းအကျပ်ခြိမ်းခြောက်မှုကို ခံနိုင် သည့် လွတ်လပ်ပွင့်လင်းသော အင်ဒို ပစိဖိတ်ဒေသထူထောင်ရေးအတွက် ကတိပြုခဲ့ကြောင်း သိရသည်။
အိမ်ဖြူတော် တွင်ကျင်းပသည့် Quad အဖွဲ့၏ ၂ နာရီကြာ အစည်းအဝေး ကို ဘေကျင်းက အနီးကပ်စောင့်ကြည့် မည်ဖြစ်ပြီး ထိုအဖွဲ့သည် ကျဆုံးမည့် အဖွဲ့ဖြစ်ကြောင်း ဝေဖန်ထားသည်။ ကြေညာချက်များ၊ အများပြည်သူသို့ ပြောကြားချက်များတွင် ခေါင်းဆောင် ၄ ဦးက တရုတ်နိုင်ငံကို ဖော်ပြမထား သော်လည်း ယင်းတို့၏စိတ်တွင် တရုတ် နိုင်ငံကိုရည်ညွှန်းနေကြောင်း ထင်ရှား နေသည်ဟု သတင်းများက ဖော်ပြ သည်။
Quad ခေါင်းဆောင်များအနေဖြင့် ကျွန်းနိုင်ငံငယ်များ အထူးသဖြင့် ပစိဖိတ်ကျွန်းနိုင်ငံများ၏ စီးပွားရေး နှင့် သဘာ၀ပတ်ဝန်းကျင်ခံနိုင်ရည်ကို ထောက်ခံကြောင်းလည်း ပြောကြား ခဲ့ကြသည်။
ထို့အပြင် နူကလီးယားလက်နက်နှင့် တိုက်ချင်းပစ် ဒုံးကျည်အစီအစဉ်များ အတွက် သံတမန်ရေးနည်းလမ်းသုံးရန် လည်း ယင်းတို့က မြောက်ကိုရီးယားကို တောင်းဆိုခဲ့သည်။ ထို့ပြင် ကိုဗစ်ကာကွယ် ဆေးကိစ္စအပါအဝင်ရာသီဥတုရေးရာ ကဏ္ဍများကိုလည်း ထည့်သွင်းဆောင် ရွက်ရေး ဆွေးနွေးခဲ့သည်။
ရဲခေါင် (ref / AFP)