နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားစစ်လေယာဉ်ပျက်ကျမှုတွင် တပ်ဖွဲ့ဝင် ၆ ဦးလုံး သေဆုံးကြောင်း အတည်ပြု

မော်စကို   စက်တင်ဘာ  ၂၇


စက်တင်ဘာလနောက်ဆုံးပတ်က ပျက်ကျသွားသည့် ရုရှားနိုင်ငံ An-26 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ်တွင်လိုက်ပါသူ ၆ ဦးလုံး သေဆုံးသွားကြောင်း TASS သတင်း အေဂျင်စီက အတည်ပြုဖော်ပြသည်။  


ရုရှားနိုင်ငံ အရှေ့ဖျားစွန်း Khaba- rovsk မြို့အနီးတွင်   ကယ်ဆယ်ရေး သမားများက အစောပိုင်းတွင် လေယာဉ် မှအပျက်အစီးများကိုတွေ့ရှိစဉ် လေ ယာဉ်ပေါ်လိုက်ပါသွားသော အမှုထမ်း တစ်ဦးတစ်ယောက်မျှ    အသက်ရှင် ကျန်ရစ်သူမရှိကြောင်း   အရေးပေါ် အခြေအနေဝန်ကြီးဌာနမှ  သတင်း အရင်းအမြစ်တစ်ဦး၏ ပြောကြားချက် အရ သိရသည်။  


ဒေသခံကယ်ဆယ်ရေးသမားများ သည်   လေယာဉ်ပျက်ကျမှုဖြစ်ပွားရာ နေရာအနီးသို့ ယခုအခါ နီးကပ်လာပြီ ဖြစ်ကြောင်းနှင့် ယင်းတို့သည်အသေး စိတ်အချက်အလက်များကို သိရှိစေရေး နှင့်အတူ   လေပြင်းတိုက်ခတ်မှုများ အတွင်း တည်နေရာရှာဖွေရန် ကြိုးစား ရာတွင် နာရီများစွာကြာမြင့်ခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး  Mikhail Degtyarev က ပြောကြားသည်။


အဆိုပါလေယာဉ်သည် Khabar- ovsk ဒေသရှိ စစ်တပ်လေဆိပ်တစ်ခုမှ အကွာအဝေး ၃၈ ကီလိုမီတာခန့်တွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ ကြောင်း သိရသည်။  ယင်းပျံသန်းမှုသည် မြေပြင်အခြေစိုက် ရေဒီယိုနည်းပညာ ပံ့ပိုးမှုစစ်ဆေးရန်အတွက် ဖြစ်ကြောင်း သိရသည်။                    ရဲခေါင်(ref:AP)






အခြားဆက်စပ်သတင်းများ