ဘာလင် စက်တင်ဘာ ၂၇
ကုလားအုတ်များ၏ တစ်မူထူးသည့် ခုခံမှုအားကို သာမန်နှာခေါင်းဖျန်းဆေး အဖြစ်ထုတ်လုပ်ကာ ကိုဗစ်ကုသမှုအသစ် တစ်ခု ဆောင်ရွက်လာနိုင်ကြောင်း ဂျာမန်သုတေသန တွေ့ရှိချက်အသစ် အရ သိရသည်။
ပညာရှင်အချင်းချင်း လေ့လာ သုံးသပ်မှုအရ တင်ပြတဲ့သုတေသန စာတမ်းထဲတွင် ယင်းကို ဖော်ပြထားခြင်း ဖြစ်ပြီး အဆိုပါ ကုလားအုတ်များမှ ရရှိ သည့် နာနိုခုခံအားကို ကိုရိုနာဗိုင်းရပ်စ် တိုက်ထုတ်ရာတွင် အသုံးပြုနိုင်ကြောင်း၊ ယင်းခုခံအားသည် ဗိုင်းရပ်ဆဲလ်အတွင်း ပေါင်းစပ်ဝင်ရောက်ပြီး ဗိုင်းရပ်စ်ကို အာနိသင်မဲ့အောင် လုပ်ပစ်လိုက်နိုင်စွမ်း ရှိကြောင်း ပြောသည်။
သတ္တဝါများ၏ ခုခံအားကို အသုံး ပြုပြီး Covid ကိုကုသခြင်းသည် ယခင် ကတည်းက ရှိပြီးသားဖြစ်ကာ လူခန္ဓာ ကိုယ်၏ ခုခံအားကိုမြှင့်တင်ပေးနိုင် သော်လည်း ယခုကုလားအုတ်များမှ ထုတ်လုပ်မည့် နာနိုခုခံအားသည် ဈေး ပေါပြီး လွယ်ကူသည့် နောက်ထပ် နည်းလမ်းတစ်ခုဖြစ်ကြောင်း သိရသည်။ ထပ်မံ လေ့လာမှုအရ နာနိုခုခံအားသည် အယ်လ်ဖာနှင့် ဘီတာမျိုးဗီဇကွဲများကို နှိမ်နင်းနိုင်စွမ်းရှိသည်ကို တွေ့ရပြီး ယခုလို နာနိုခုခံအားသုံးပြီး Covid ကို တိုက်ခိုက်ခြင်းမှာ ယခင်ကမရှိခဲ့ကြောင်း သုတေသီများက ပြောသည်။
မျိုးဝင်း(ref:AP)