နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်မွေးတိရစ္ဆာန်နှင့် ဗိုင်းရပ်စ်အန္တရာယ်

တိုးတက်လာသော လူနေမှုစနစ်နှင့်အညီ နေအိမ်များ၌ အိမ် မွေးတိရစ္ဆာန်များ မွေးမြူလာကြသည်။ အများဆုံးမွေးမြူကြသည့် တိရစ္ဆာန်များမှာ ခွေး၊ ကြောင်နှင့် ကျေးငှက်တို့ဖြစ်ကြသည်။ ထိုအိမ်မွေးတိရစ္ဆာန်များသည် လူနှင့် အနီးကပ်ဆုံးသတ္တဝါများဖြစ် ကြသဖြင့် စနစ်တကျ မွေးမြူတတ်ကြရန် အရေးကြီးပေသည်။ တိရစ္ဆာန်တို့တွင်  ဗိုင်းရပ်စ်ပိုးများ လူကိုကူးစက်ခံရပါက လူ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနိုင်သည်။


ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၅၀ ကျော် ခွေးရူးရောဂါရှိနေသည် ဟု သိရသည်။ ခွေးရူးရောဂါကင်းစင်ရေး ရင်ဆိုင်လက်တွဲပူးပေါင်း ပေးဆောင်ပုဒ်နှင့်အညီ ၂၀၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံးခွေးရူး ရောဂါ လုံးဝကင်းစင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိသည်။ ကာကွယ် ဆေးထိုးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့သည် တစ်ဦးချင်း၊ တစ်ယောက်ချင်းဆောင်ရွက်နေသူများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများအားလုံး     စုပေါင်းပြီးလုပ်ဆောင်ရန်လိုအပ်သည်။


ခွေးရူးရောဂါသည် ခွေးများတွင်သာမက ကြောင်များတွင် လည်းဖြစ်ပွားတတ်ကြောင်း သိရပေသည်။ ရောဂါဖြစ်နေသည့်     တိရစ္ဆာန်အကိုက်ခံရခြင်းကြောင့်သော်လည်းကောင်း၊ သွားရည်ကို အနာ၊ ပွန်းပဲ့ဒဏ်ရာရှိနေသည့် သတ္တဝါမှ ထိတွေ့ကိုင်တွယ်မိခြင်း ကြောင့်သော်လည်းကောင်း ကူးစက်ပျံ့နှံ့နိုင်သည်။ ယင်းဗိုင်းရပ်စ် များ လူ၏ကိုယ်ခန္ဓာအတွင်းရောက်ရှိသွားပါက အသက်ဆုံးရှုံး သည်အထိဖြစ်နိုင်ပါသည်။


အိမ်မွေးတိရစ္ဆာန်မွေးမြူမည်ဆိုပါလျှင် အိမ်မွေးတိရစ္ဆာန် များကို တိရစ္ဆာန်ဆေးကုဆရာဝန်နှင့်ပြသပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနှင့်  အခြားရောဂါကာကွယ်ဆေး ထိုးနှံပေးရန် အရေးကြီးပေသည်။ အိမ်မွေးတိရစ္ဆာန်မွေးမြူသူတိုင်း သတိပြု ရမည့်အချက်မှာ  တိရစ္ဆာန်များနှင့်  အရောတဝင်မနေရန်နှင့် အရောတဝင်ပြုမိပါက အမှတ်မထင်လူကို ကိုက်တတ်ကြောင်း တိရစ္ဆာန်ဆေးကုဆရာဝန်များက အသိပေးလျက်ရှိသည်။


ထိုကဲ့သို့ အကိုက်ခံရပါက ဒဏ်ရာကိုသေချာစွာသန့်စင်ပြီး၊ ကျန်းမာရေးဝန်ထမ်းများနှင့်  စနစ်တကျကုသသင့်ကြောင်း၊ ကျန်းမာရေးပညာရှင်များက အသိပေးထားသည်။ ခွေးရူးရောဂါ သည် ၁၀၀ ရာခိုင်နှုန်းကြိုတင်ကာကွယ်နိုင်သော ရောဂါပင်ဖြစ် သည်။ တော်သလင်းလသည် ခွေးများမြိုင်ထသည့်အချိန်ဖြစ်သည် ဟု ဆိုရိုးစကားအတိုင်း ခွေးရူးရောဂါအတွက် ကြိုတင်ကာကွယ် ဆေးထိုးနှံသင့်ပါသည်။


ခွေးရူးပြန်ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီး ဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန များနှင့် ဗဟိုအဆင့် ဆေးရုံများသို့ဖြန့်ဖြူး၍ ခွေးကိုက်လူနာများကို အခမဲ့ထိုးနှံပေးလျက်ရှိသည့်အတွက် သေဆုံးမှုနှုန်းကျဆင်းလျက် ရှိသည်။


အိမ်မွေးတိရစ္ဆာန်မွေးမြူသူတိုင်း အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးနှံပြီးမှ မွေးမြူရန်လိုအပ်ပါကြောင်း ။         ။






အခြားဆက်စပ်သတင်းများ