ရန်ကုန်၊ စက်တင်ဘာ ၂၆
စက်တင်ဘာ ၅ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်စဉ် တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်၊ ဗြဟ္မစိုရ်လမ်းနှင့် ပင်းယ လမ်းထိပ်၌ ယာဉ်မောင်း ကျော်ကိုလင်း (ခ)AJ ၃၄ နှစ် မောင်းနှင်ပြီး စိုင်းပိုင်စိုးနောင်(ခ)မာဝီ ၃၀ နှစ် လိုက်ပါလာသည့် CRV (အဖြူရောင်) ယာဉ်ကိုစစ်ဆေးခဲ့ရာ ယာဉ် နောက်ခန်းအတွင်းမှ အပြာရောင် PVC ပိုက်၊ Keypad ဖုန်းတို့ဖြင့် ချိတ်ဆက်ပြုလုပ် ထားသည့် လက်လုပ်ချိန်ကိုက်မိုင်း ၄ လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တရားခံ ကျော်ကိုလင်း၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၈ ရက်တွင် မရမ်းကုန်း မြို့နယ်၊ (၅)ရပ်ကွက်၊ မစိုးရိမ်လမ်း၊ အိမ်အမှတ်(၃၁-အေ)ကို ဝင်ရောက်ရှာဖွေခဲ့ရာ ဝင်းကိုအောင်၂၉ နှစ်၊ ထင်ကျော် ၅၇ နှစ် နှင့် အိဖြူ ၃၀ နှစ်တို့ကို ၉ မမ ကျည် ၇ တောင့်၊ ပွိုင့်-၂၂ ကျည် ၇ တောင့်၊ လက်ပစ်ဗုံး ဖြူ(စ်) ၁ ခု၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆွေဦး