နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်္ဂလာတောင်ညွန့်မြို့နယ် နှင့် ဒဂုံမြို့နယ်အတွင်း ဖောက်ခွဲရေးဆောင်ရွက်ခဲ့သည့်(MGTN PDF) အဖွဲ့ဝင်များနှင့် ဆက်စပ်တရားခံများ ဖမ်းဆီးရမိ

ရန်ကုန်၊  စက်တင်ဘာ ၂၆


တိုင်းရင်သားလက်နက်ကိုင်နယ်မြေ များအတွင်း အကြမ်းဖက်သင်တန်းတက် ရောက်ခဲ့သူများ ပြန်လည်ရောက်ရှိနေ ကြောင်း    တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၂၃ ရက်၊ ညပိုင်းတွင်  လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ လွတ်လပ် ရေး ရပ်ကွက်၌ KIA တပ်မဟာ (၈)နယ် မြေ အတွင်း စစ်သင်တန်းတက်ရောက် ပြီး ပြန်လည်ရောက်ရှိလာသည့် ဘိုဘိုလင်း (၁၈)နှစ်ကို ဖမ်းဆီးရမိခဲ့သည်။


တရားခံ ဘိုဘိုလင်း၏ ထွက်ဆိုချက် အရ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန် အရှေ့ရပ်ကွက်တွင် မျိုးမင်းအောင် ၃၂ နှစ်၊ သီဟချို ၂၄ နှစ်နှင့် ကမာရွတ် မြို့နယ်၊ (၁) ရပ်ကွက်၊ ရတနာလမ်း တွင်    ကျော်ကျော်ထွန်း ၂၁ နှစ်၊ ဟိန်းထက်အောင် ၂၁ နှစ်၊ ခင်နှင်းနွယ် (ခ) ငယ်လေး ၁၉ နှစ်၊ ဝေဝေအောင် (ခ)ပေါက်စီ ၂၉ နှစ်တို့ကို ထပ်မံဖမ်းဆီးရမိခဲ့ သည်။


တရားခံ သီဟချို၏ ထွက်ဆိုချက် အရ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန် မြောက်ရပ်ကွက်၊ ဒေါ်သိန်းတင်လမ်း တွင် မေဇော်အောင် ၃၂ နှစ်နှင့် အထက် မန္တလေးလမ်းတွင် ရာကူနေမြင့် ၄၈ နှစ်ကို ဖမ်းဆီးရမိခဲ့သည်။ 


တရားခံ မေဇော်အောင်၏ ထွက်ဆို ချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၅၀)ရပ်ကွက်၊ အနော်ရထာ လမ်းတွင် သီဟလင်း(ခ) ရဲရင့်ဟိန်း ၁၇ နှစ် ၊   မရမ်းကုန်းမြို့နယ်၊  (၁)ရပ်ကွက်၊  သမိုင်းမြို့ဟောင်း (၅)လမ်းထိပ်တွင်  ကျော်မင်းထက် ၂၁ နှစ်၊  တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်၊ သရေခေတ္တရာ (၂၃)လမ်း တွင် ကျော်ဇေယျာလင်း ၂၆ နှစ်၊ ကျော်ကိုကိုဝင်း ၂၇ နှစ်၊ ကျော်ထူးသန့် ၃၆ နှစ်၊ မင်းသူ ၂၆ နှစ်၊ အာကာဖြိုး ၂၁ နှစ်တို့ကို ဖမ်းဆီးရမိခဲ့သည်။

တရားခံ သီဟလင်း၏ ထွက်ဆိုချက် အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်မှူးဗထူးအိမ်ယာ၊ တိုက်(အေ/၃)တွင် ခင်မြင့်မိုရ်(၂၆)နှစ်ကို ဖမ်းဆီးရမိခဲ့သည်။


တရားခံ ခင်မြင့်မိုရ်၏ ထွက်ဆိုချက် အရ စက်တင်ဘာလ ၂၄ ရက်တွင် မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ကန်တော်လေး (တောင်)ရပ်ကွက်၊ (၉၃) လမ်းထိပ်၌ တရားခံ ထက်ထက်အောင်(၂၉)နှစ်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖြစ်စဉ် တွင်  ကျား ၁၃ ဦး၊ မ ၅ ဦး၊ ပေါင်း ၁၈ ဦး တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဆွေဦး






အခြားဆက်စပ်သတင်းများ