ရန်ကုန်၊ စက်တင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ လောင်း လုံးမြို့နယ်၊ သောကြာပြင်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်အနီး တစ်ရွာတည်းနေ အကြမ်းဖက်လူတစ်စု က မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အသက် ၁၃ နှစ်အရွယ် အပြစ်မဲ့ကလေးငယ် တစ်ဦး မိုင်းစထိမှန် သေဆုံးခဲ့သည်။
ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သောကြာပြင် ကျေး ရွာ၊ ဆင်မင်းရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူး၏ဇနီးဖြစ်သူ ဒေါ်ကြည်ဌေး (ဘ) ဦးအေးရှီနှင့် တူမဖြစ်သူ မအိအိငယ် (ဘ) ဦးမောင်လေး အသက် ၁၃ နှစ်တို့ သည် စက်တင်ဘာ ၂၁ ရက်၊ နံနက် ၇ နာရီခွဲခန့်တွင်နေအိမ်ရှေ့ ခြံစည်းရိုး အနီး၌ ပန်းခူးနေစဉ် တစ်ရွာတည်းနေ အကြမ်းဖက်သူများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် မအိအိငယ် သည် ဖြစ်စဉ်နေရာ၌ မိုင်းစထိမှန်ဒဏ်ရာ များဖြင့် သေဆုံးခဲ့ပြီး ဒေါ်ကြည်ဌေးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ထားဝယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရ သည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများ ကို ဖမ်းဆီးရမိရေးကြိုးပမ်းဆောင်ရွက် ခဲ့ရာ စက်တင်ဘာ ၂၂ ရက်၊ ညပိုင်းတွင် တစ်လမ်းတည်းနေထိုင်သူ စိုးမင်းထွေး (ဘ)ဦးလှရွှေကို ဦးစွာဖော်ထုတ်ဖမ်းဆီး ရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ အဆိုပါ ဖြစ်စဉ်၌ ကျေးရွာနေသူများဖြစ်သည့် ဟိန်းသူအောင် (ဘ) ဦးအောင်ဖေ၊ ကျော်စိုး(ဘ) ဦးလှရှိန်နှင့် စောရွှေ(ဘ)ဦးလှရှိန်တို့ ၃ ဦးပါဝင်ကြောင်း သိရ သည်။
ဆွေဦး