နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်ခြင်းကို ရှင်းလင်းသော စစ်ပွဲနှင့် နောက်ပိုင်းဖြစ်စဉ်များ

တစ်စုံတစ်ခု ပြင်းပြင်းထန်ထန်ပေါက်ကွဲ မည်ကို လွန်လွန်မင်းမင်း ကြောက်ရွံ့စိုးရိမ် နေကြရသည်မှာ နှစ် ၂၀ ရှိပြီ။  ယင်းတိုက်ခိုက် ခြင်းများရော ပြည့်စုံပြီးမြောက်ခဲ့ပြီလား။ မည်သို့ သောကိစ္စများ ဖြစ်ပျက်လာကြသနည်းဟု မေးတတ်ကြသည်။


 ၂၀၀၁ ခု စက်တင်ဘာ ၁၆ ရက်နေ့၌ ယခင်သမ္မတဟောင်း ဂျော့ဒဗလျူဘွတ်ရှ်က နိုင်ငံတကာ ကုန်သွယ်ရေးအဆောက်အအုံ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရခြင်းနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးခွန်းကို  ပြန်လည် ဖြေကြားရာတွင် “ ဒါတွေဟာ အသစ်တစ်မျိုး ဖြစ်လာတာဘဲ။    ယုတ်မာရက်စက်ကြတာတွေ ဟာ အသစ်လိုပေါ်လာနေတယ်။ ခရူးဆိတ် စစ်ပွဲလိုဘဲ။ အကြမ်းဖက်ဝါဒကို ချေမှုန်းနေတဲ့ ဒီစစ်ပွဲဟာ အချိန်တော်တော်ကြာ အောင်ယူ နေရအုန်းမှာဘဲ။” ဟူ၍ ဆိုခဲ့သည်။  ခရူးဆိတ် စစ်ပွဲအကြောင်းရာဇဝင်တွင် ဖတ်ဖူးကြသူများ ပါသည်။ ဥရောပသမိုင်းတွင် အေဒီ ၁၀၀၀ မှ ၁၄၅၀ နှစ်တို့၏ ကာလတာကို အလယ်ခေတ် ဟုယူကြသည်။ ယင်းနှစ်များ၌ မွတ်စလင်များ ကို  ဆန့်ကျင်ကာ ဥရောပတိုက်ရှိ ခရစ်ယာန်နိုင်ငံ များက ပါလက်စတိုင်းဒေသတွင် တိုက်ခိုက် ကြခြင်းကို ခရူးဆိတ်စစ်ပွဲများဟူ၍ ခေါ်လေ့ ရှိကြသည်။ တစ်ခါတစ်ရံ သင်ယုံကြည်မှတ်ယူ ထားခြင်းကို ဖြေရှင်းရန် အချိန်ယူ၍ အားထုတ် နေရသည်ကိုလည်း “ခရူးဆိတ်စစ်ပွဲတိုက်နေရ သလိုဘဲ။ ” ဟု ဆိုလေ့ရှိကြ၏။  


တကယ်တမ်းမူ ဖြစ်ပျက်ခဲ့သည့်အတိုင်း ဘွတ်ချ်က စကားစရှာ၍ အလွယ်တကူ အတိုကောက်သုံးလိုက်ခြင်းလည်း ဖြစ်နိုင်သည်။ ယင်းသို့ လက်တမ်းပြောလိုက်သည်မှာ သိသာ ပါသည်။ 


ဖြစ်ချင်တော့ ရက်များများမကြာ လိုက်။ ထိုစကားက  “အကြမ်းဖက်ခြင်းကို ရှင်းလင်းသော စစ်ပွဲ။” ဟူ၍ နာမည်ကြီးခဲ့၍ နည်းစနစ်ကျနသည့် မူတစ်ရပ်ဖြစ် ပြဌာန်း သလိုဖြစ်သွားသည်။ ယင်းသို့ ပြဌာန်းလိုက် သဖြင့် ဤကမ္ဘာလောကကြီးပေါ်တွင် အနှစ်နှစ်ဆယ် ကြာဖော်ဆောင်ခဲ့သော အမေရိကန်ပြည်ထောင်စု ၏ အနေအထားကို ပြဇာတ်၊ ဇာတ်ကြောင်း  ပြောင်းလဲသကဲ့သို့ ဖြစ်သွားစေသည်။ အကြမ်းဖက် သမားများကို ကာကွယ်ပေးထားသော တာလီဘန်အစိုးရနှင့်   ၉/၁၁ တိုက်ခိုက်မှုများ နောက်ကွယ်ရှိသူများကို အမေရိကန်ပြည်ထောင်စု က ဖယ်ရှားရန်ဆောင်ရွက်ရာမှ  အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်ဝါဒ ရှင်းလင်းရေး တာဝန်အစပြုခဲ့သည်။ မည်သို့ပင် ဖြစ်စေ ထိုသို့ရှင်းလင်းရာတွင် ကမ္ဘာတစ်ဝှမ်းလုံး မှ တစ်စုတစ်စည်းတည်း လှုပ်ရှားလာကြရန်   အချိန်တိုအတွင်း  ဖြစ်လာသည်ဟု ဆိုရမည်။


ဆက်ဒမ်ဟူစိန်နှင့် အယ်ကေဒါတို့ဆက်နွယ် ကြသောသတင်းမှာ မှန်သလိုလိုနှင့် လွဲနေတတ် ၍ ယင်းအရေးကိစ္စအတွက် တစ်စိတ်တစ်ပိုင်း အနေနှင့်  ဘုချ်အုပ်ချုပ်မှုတာဝန်ဖြစ်နေသည်ဟု ဆိုကြသည်။ အမှန်ဆိုလျှင် ယင်းတာဝန်သည် အီရတ်စစ်ပွဲအတွက်  အခြေခံအကြောင်းရင်း တစ်စိတ်တစ်ပိုင်းသာဖြစ်သင့်သည်။ ကြားဝင် ဖြန့်ဖြေခဲ့ကြသော နှစ်ကာလများတွင် စစ်ပွဲအရှိန် အဝါများသည်  အနည်းဆုံးနိုင်ငံပေါင်း တစ်ဒါဇင် သို့ ရောက်နေကြပြီဖြစ်၏။ စက်တင်ဘာ ၁၁ ရက်နေ့ နောက်ပိုင်းအချိန်တိုအတွင်း သစ်ပင် မှ အခက်အလက်များ ထွက်လာသကဲ့သို့ ကွန်ဂရက်၏ စီမံခန့်ခွဲလာခြင်းကြောင့် အလုပ် အကိုင်သစ်များ အဆောတလျင် ပေါ်လာသည်ဟု လူတိုင်းက သိရှိလက်ခံထားကြသည်။ ထိုယုံကြည် ချက်ကိုလည်း အကြမ်းဖျက်ဝါဒ ဆန့်ကျင်ရေး ဆောင်ရွက်မှုများ အကောင်အထည်ဖော်ဆောင် ရန် အသုံးပြုလေ့ရှိကြသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်စုနောက်ပိုင်းတွင် တိုက်ခိုက်တော့ မည်ဟု ခြိမ်းခြောက်မှုများသည် အများဆုံး အငြင်းပွားစရာဖြစ်တတ်သော မူဝါဒအချို့၏ ဦးတည်ရာ အချက်အချာဖြစ်ခဲ့သည်။  ရုပ်ပိုင်းနှင့် စိတ်ပိုင်းနှစ်မျိုးလုံး နာကြင်ခံစားရစေခြင်းနှင့် ဂွာတီနာမိုပင်လယ်ဆိပ်ကမ်းတွင် သံသယရှိနေ သည့် အကြမ်းဖက်သမားများကို သာမန်ထက် ပို၍ ထိန်းချုပ်ထားခြင်းတို့အပြင် တိုက်ချင်း ပစ်ဒုံးပျံများ အသုံးပြုကာ အစိုးရအဖွဲ့၏ အစွမ်း အစကို  ကျယ်ပြန့်စွာတိုးချဲ့ခြင်း အစရှိသော နည်းလမ်းများ သုံးလာကြသည်။  အမေရိကန် လူမျိုးများကို လုံခြုံအောင်စောင့်ကြည့်နေရန် လည်း စီစဉ်ကြသည်။


မည်သည့်အကြောင်းကြောင့် ငြင်းခုံဆွေးနွေး စရာများ အချေအတင် ဖြစ်လာကြသနည်း။

အာဖဂန်နစ္စတန်တွင် စစ်ပွဲနိဂုံးချုပ်ကာ အဆုံးသတ်ခြင်းနှင့် ၉/၁၁ တိုက်ခိုက်မှုများ၏ အကြိမ် ၂၀ မြောက် နှစ်ပတ်လည်အထိမ်းအမှတ် တို့က အတိတ်ပုံရိပ်များ ကျယ်ကျယ်ပြန့်ပြန့် ပြန်ပေါ်လာစေရန် ဦးတည်လိုက်သလို ဖြစ်နေသည်။ အမေရိကန်တို့၏ အကြမ်းဖက် ဆန့်ကျင်ရေးလုပ်ငန်းများသည်လည်း အမေရိကန် လူမျိုးများသာမက ကမ္ဘာလောကကြီးတစ်ခုလုံး နှင့် သက်ဆိုင်လာသည်။ အကြမ်းဖက်သမားများ ၏ ခြိမ်းခြောက်ကာ အကျပ်ကိုင်နေခြင်းနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ခုခုကို ရိုးသား ဖြောင့်မတ်စွာ ချမှတ်ခဲ့သည်ဆိုသော်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းကို ပီပြင် စွာ အကောင်အထည်မဖော်နိုင်သေးမီ စစ်ပွဲ အဆုံးသတ်သွားပြီဟု ဝေဖန်ရေးသမား အချို့ကမြင်ကြကာ ဆင်ခြေအမျိုး မျိုးပေး၍  ငြင်းကြခုန်ကြ ဆဲဖြစ်သည်။ 


အစွန်းရောက်အုပ်စုများကို ဖယ်ရှား ရန် အမေရိကန်ကြားဝင်မှုက မထိရောက်ဘဲ ဆုံးရှုံးရုံသာမကသေး မွမ်းမံခြယ်လှယ်ရာတွင် မကြာခဏပြောင်းလဲမှုများကို ခွင့်ပြုထားသလို ဖြစ်နေခြင်းက အပြုသဘောမဆောင်ချေ။


ထို့ပြင် ထပ်ဖြည့်ကြသေးသည်။ အောင်နိုင်မှု များကို တွက်ဆနိုင်သည့် နည်းလမ်းများရှိရ မည်။ အကြမ်းဖက်သမား ဆန့်ကျင်ရေးအတွက်  အမေရိကန်တို့က ပေးဆပ်ထားရမှုများသည်။ 


ခန့်မှန်းခြေအနေဖြင့် ဒေါ်လာ ၈ ထရီလျံမျှ အကုန်အကျခံထားရခြင်းကိုပင် ကြည့်တော့။ လူ့အသက် ၉၀၀,၀၀၀ ခန့် ဆုံးရှုံးရသည်။ မိမိတို့အိမ်ရာမှ စွန့်ခွာထွက်ပြေးကြသူပေါင်း ၃၈ သန်းရှိ၏။   ပြီးခဲ့သော ဆယ်စုနှစ်စုရှိ အောင်မြင်မှုများကို မသိကျိုးကျွံပြုကြပြီး ၉/၁၁ နောက်ပိုင်းအချိန်များတွင် အဓိကကျသော အကြမ်းဖက်တိုက်ခိုက်ခြင်းမျိုး အကြီးအကျယ် မဖြစ်ခဲ့ဖူးဘူးဟူ၍ အခြားသူများကအကျိုး အကြောင်းပြကာ အပြစ်တင်ကြသေးသည်။   အလွန်အကျွံလုပ်တတ်သည့်အုပ်စုများ ယခုထက် တိုင်ရှိနေချိန်တွင် အမေရိကန်က သူတို့ဖာသာ သူတို့ ကာကွယ်နိုင်လျက်နှင့် အနှစ်နှစ်ဆယ် ကျော်ကြာသည်အထိ အများတကာ လုံခြုံရေး အတွက် အားထည့်ပေးခြင်းမှာ ကျေးဇူးတင်သင့် ကြောင်း ပြောကြသေးသည်။  


အမေရိကန်များ၏ ဘဝအတွင်းသို့ အကြောက်တရားနှင့် စစ်ပွဲသည် ပူပန်စိုးရိမ်မှု နှင့် ဒေါသများအဖြစ် အသွင်ပြောင်းက ဝင်လာ၍ မိမိတို့၏ ခေတ်လမ်းကြောင်းပေါ်တွင် အန္တရာယ် အများဆုံးဖြစ်စေရန် မီးထိုးပေးသလိုဖြစ်နေ ကြောင်း လူ့ယဉ်ကျေးမှုရှုဒေါင့်မှလည်း ပြောကြ   ၏။ လူမျိုးခွဲခြား၍ဆက်ဆံလာကြသည်။ အယူ အဆမတူသူ အုပ်စုများ စုစည်းလာကြသည်။ အစွန်းရောက် ဝါဒများပေါ်လာသည်။ ထို့ပြင်  မြို့ပြလွတ်လပ်ခွင့်များ ကျဆင်းလာသည်။ ယင်းသို့ဖြင့်  အကြောင်းရင်းများ ပိုလာ၍ အခက်အခဲတွေ့နေကြသည်။ 


နောင်တွင် မည်သို့ဖြစ်လာမည်နည်းဟု စဉ်းစား ရတော့မည်။ 

“အကြမ်းဖက်မှုကို ဆန့်ကျင်ရှင်းလင်း သော စစ်ပွဲ။” ဆိုသည့် စကားအသုံးအနှုန်းကို အိုဘားမား အုပ်ချုပ်နေချိန်ကတည်းက ဖက်ဒရယ်အစိုးရအရာရှိများက မသုံးတော့ သလောက်ဖြစ်သော်လည်း  ကိုယ်ထင်ရာ ကိုယ်လုပ်လေ့ရှိကြသော နိုင်ငံရေးသမားများ ၏ အပြုအမူကို ဆက်လက်ထိန်းချုပ်ထား နိုင်သေးသည်။ 


ဘိုင်ဒင်အုပ်ချုပ်ရေးအဖွဲ့က ရင်ဆိုင်နေ ရသော နိုင်ငံခြားရေးပြဿနာများအနက် အချက်အချာကျနေသော အကြောင်းအချက် တစ်ရပ်မှာ အမေရိကန်တို့သည် သံတမန်ရေး စွမ်းဆောင်ရည် တစ်ညီတည်းဖြစ်စေပြီး များမကြာမီဖြစ်လာနိုင်သော ဆန့်ကျင် တိုက်ခိုက်ကြခြင်းများမှ   အာဖဂန်နစ္စတန်ကို တစ်ကြိမ်ထက်ပိုမို ကာကွယ်ရန်ဖြစ်နေသော် လည်း ယခုအချိန်အခါတွင်  စစ်ပွဲအဆုံးသတ် ထားကြသောကြောင့် ရှေ့ဆက်တိုးရန်မတတ် သာတော့ဘဲ အကြမ်းဖက်အုပ်စုများအတွက် လုံခြုံရေးအနေအထားကောင်းနေသည်။ 


ရှုထောင့်အမျိုးမျိုးကို လေ့လာကာသုံးသပ် ကြည့်ပါက အတွေးအမြင်များ ပြောင်းနိုင်ပါ သည်။  National Interest  , New York  , Chicago Tribune  , Guardian  , National Review  , The Nation  , Washington Post  , Atlantic, Common Dreams  , Foreign Affairs, Los Angeles Times အစရှိသော သတင်းစာ၊ ဂျာနယ်များ မှ ဆောင်းပါးရှင်များ၏ ရှုမြင်ပုံများကို တင်ပြရလျှင် ___

အကြမ်းဖက်မှုများကို ဆန့်ကျင်တိုက်ခိုက် သော စစ်ပွဲတွင် အမေရိကန်ပြည်ထောင်စု အတွက် အကျိုးရှိခဲ့ကြောင်း မြင်ကြသူများရှိ  သည် ။ 


“ဂျော့ဒဗလျူဘွတ်ရှ် ပြောနေတဲ့ အတိုင်းဆိုရင် အကြမ်းဖက်ကြတာကို ရှင်းလင်းခဲ့တဲ့ နိုင်ငံတကာစစ်ပွဲဟာ အခု ထက်ထိဖြစ်ခဲ့ရင်းနဲ့ အံ့ဩစရာဖြစ် လောက်အောင် အနိုင်ရနေပြီဆိုရမှာဘဲ။ နောင်မှာတော့ မပြောတတ်ဘူး။ အခု လောလောဆယ်ပြောရရင် အဲဒီကိစ္စရဲ့ အရေးပါဆုံးရည်မှန်းချက်က  ကိုယ့်ဇာတိမြေ ကို ကာကွယ်နေတာပါ။ ဒါဟာအမေရိကန် အမျိုးသားရေးအနေနဲ့ လုံခြုံမှုအမြင် တစ်ရပ် ပါဘဲ။ ပြီးတော့  ဒီနေရာမှာ တိုက်ခိုက်တာက အမေရိကန်တွေ။ ဒီလိုပြီးပြည့်စုံတာဖြစ်လာ နေပြီ။ ပင်ကိုယ်သဘာဝအရ တို့ရဲ့အသိ စိတ်ထဲမှာ နေရာယူနေပြီ။   တို့ရဲ့အတွေးတွေ ကြားမှာတော့တွေ့နေကျလို့ပါဘဲ။ ဒါပေမဲ့ လူ တွေ သတိပြုမိတဲ့အထိ ထူးခြားနေပါတယ်။”

ဆက်လက်ဖော်ပြပါမည်။







အခြားဆက်စပ်သတင်းများ