နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူရကီဒု-နိုင်ငံခြားရေးဝန်ကြီး ရုရှား၊ ပြင်သစ် ထိပ်တန်းသံတမန်များနှင့် နယူးယောက်တွင် တွေ့ဆုံ

အန်ကာရာ၊  စက်တင်ဘာ ၂၆ 


တူရကီဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆီဒက်အိုနဲလ်သည် နယူးယောက်ရှိ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ကုလသမဂ္ဂ ထိပ်တန်း အရာရှိတစ်ဦး ၊ ရုရှားနှင့် ပြင်သစ်တို့မှ အကြီးတန်း သံတမန်များနှင့် ဆွေးနွေး ခဲ့ကြောင်း  တူရကီသတင်းအေဂျင်စီ Anadolu Agency က ဖော်ပြခဲ့သည်။  


အိုနဲလ်အနေဖြင့် ရုရှား ဒု-နိုင်ငံခြား ရေးဝန်ကြီး ဆာဂျီဗာရှန်နှင့်တွေ့ဆုံခဲ့ပြီး လစ်ဗျားနှင့်ဆီးရီးယားရှိ နိုင်ငံရေးဖြစ် စဉ်တိုးတက်မှုများနှင့် ပတ်သက်ကာ ဆွေးနွေးခဲ့ကြောင်း တူရကီ နိုင်ငံခြား ရေး ၀န်ကြီးဌာနက Twitter တွင် ဖော်ပြ ခဲ့သည်။


ထို့ပြင် ပြင်သစ်နိုင်ငံ၏ ဥရောပရေး ရာနှင့်လုံခြုံရေးဝန်ကြီးဌာန နိုင်ငံရေး ရေးရာနှင့် လုံခြုံရေးအထွေထွေညွှန် ကြားရေးမှူး ဖိလစ်ပီအီရာနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် လစ်ဗျား၊ အာဖဂန်နစ္စတန်၊ ဆီးရီး ယားနှင့် လက်ဘနွန်အပါအ၀င် ဒေသ တွင်းကိစ္စရပ်များနှင့် ပတ်သက်၍ အမြင် ချင်းဖလှယ်ခဲ့ကြကြောင်း ၀န်ကြီးဌာန က ထုတ်ပြန်သည်။


အလားတူ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာလက်ထောက်အထွေထွေ အတွင်း ရေးမှူးနှင့် အရေးပေါ်ကယ်ဆယ် ရေးညှိနှိုင်းရေးမှူး မာတင်ဂရေးဖစ်တ် နှင့်လည်း တွေ့ဆုံခဲ့ပြီး ဆီးရီးယားနှင့် အာဖဂန်နစ္စတန်ရှိ လူသားချင်းစာနာ ထောက်ထားမှု အခြေအနေများအပြင် တူရကီနှင့် ကုလသမဂ္ဂတို့အကြား မြေ ပြင်တွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို  အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲခေါင်(ref:AFP)






အခြားဆက်စပ်သတင်းများ