နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ဒယ်လ်တာမျိုးကွဲကို Sputnik V ဆေးဖြင့် ကာကွယ်နိုင်

မော်စကို၊  စက်တင်ဘာ ၂၆


ကိုရိုနာဗိုင်းရပ်စ် ဒယ်လ်တာမျိုး ကွဲကို  Sputnik V ကာကွယ်ဆေးက ရာခိုင်နူန်း ၈၃ မှ ၉၄ ရာခိုင်နှုန်းထိ ကာကွယ်နိုင်မှုရှိကြောင်း ရုရှားနိုင်ငံ Gamaleya အမျိုးသား ကူးစက်ရောဂါ သုတေသနနှင့် ကူးစက်ရောဂါဗေဒအမျိုးသားသုတေသနစင်တာက ပြော ကြားလိုက်သည်။ 


Gamaleya မှ ဒါရိုက်တာ အလက် ဇန်းဒါးဂူတင်စဘတ်က Russian Hebrew Congress စီစဉ်သော video conference တစ်ခုတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်ပဆေးဝါး ကုမ္ပဏီ Moderna နှင့် Pfizer တို့မှ ကိုဗစ်-၁၉ ကာကွယ်ဆေးများက အဆိုပါ ဗိုင်းရပ်စ်အမျိုးအစားကို ကာ ကွယ်နိုင်မှု ၅၀ ရာခိုင်နှုန်းအောက်သာ ရှိကြောင်း ပြောကြားခဲ့သည်။


ယင်းအနေဖြင့် ကျန်းမာရေး၀န်ကြီး ဌာနက နောက်ဆုံးထိုးပေးခဲ့သည့် ကာ ကွယ်ဆေး  အချက်အလက်များကို ထောက်ပြပြီး  ကာကွယ်ဆေး၏ထိ ရောက် မှုမှာ ရာခိုင်နူန်း ၄၀ မှ  ၅၀ ရာခိုင် နှုန်းကြားသာရှိကြောင်း ပြောကြားထား သည်။


Gamaleya မှ ထုတ်လုပ်သော ကာကွယ်ဆေးကို   ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် ရုရှားနိုင်ငံ တွင် မှတ်ပုံတင်ခဲ့ပြီး ၎င်းဆေးကို SARS-CoV-2 coronavirus ကို ကာကွယ် သည့်ကမ္ဘာ့ ပထမဆုံးကာကွယ်ဆေးအ ဖြစ်  တရားဝင်လက်ခံခဲ့ကာ အဆိုပါ ကာကွယ်ဆေးကို နိုင်ငံ ၇၀ တွင် မှတ်ပုံ တင်ထားပြီ ဖြစ်ကြောင်း သိရသည်။

မျိုးဝင်း(ref:BBC)






အခြားဆက်စပ်သတင်းများ