ဝါရှင်တန်၊ စက်တင်ဘာ ၂၆
အစ္စရေး၏ Iron Dome ဒုံးကျည် ကာကွယ်ရေးစနစ်အတွက် ဒေါ်လာ ၁ ဘီလီယံ ရန်ပုံငွေထည့်ဝင်ရန် အမေရိ ကန်အောက်လွှတ်တော်က တခဲနက် ထောက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါဥပဒေကြမ်းကို အောက် လွှတ်တော် ဒီမိုကရက်တစ်အချို့ကဖယ် ရှားမှုများပြုလုပ်ခဲ့ပြီး ထိုသို့သောလုပ် ဆောင်ချက်မှာ အစ္စရေးကိုထောက်ခံမှု ဆုတ်ယုတ်လာခြင်း၏ လက္ခဏာတစ်ခု ဖြစ်ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ ရသည်။
အဆိုပါ ဥပဒေကြမ်းမှာ အောက် လွှတ်တော်တွင် မဲအရေအတွက် ၄၂၀-၉၉ ဖြင့်အတည်ပြုပြီး နောက်မဲခွဲရန် အမေရိကန် အထက်လွှတ်တော်သို့ ဦး တည်သွားမည်ဖြစ်ကာ အမေရိကန်တွင် အစ္စရေးဒုံးကျည် ကာကွယ်ရေးစနစ်ဖွံ့ဖြိုး တိုးတက်ရေးကို နှစ်များစွာပံ့ပိုးကူညီပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ Iron Dome ဒုံးကျည် ကာကွယ်ရေးစနစ်သည် အစ္စရေးဘက် သို့ပစ်ခတ်သော ဟားမစ်စ်ဒုံးကျည်များကို ကြားဖြတ် ဟန့်တားရာတွင် အလွန်ထိ ရောက်ကြောင်း သက်သေပြခဲ့ကာ ယခု အတည်ပြုချက်ကြောင့် အစ္စရေးဝန်ကြီး ချုပ် နာဖ်တာလီဘန်းနက် အနေဖြင့် အမေရိကန် အောက်လွှတ်တော်အမတ် များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ သည်။
ရဲခေါင် (ref:Reuters)