ဂျနီဗာ၊ စက်တင်ဘာ ၂၆
ဆီးရီးယားတွင် ၁၀ နှစ်ကျော် ပဋိ ပက္ခ အတွင်းလူပေါင်း ၃၅၀၀၀၀ ကျော် သေဆုံးခဲ့ရသော်လည်း ယင်းစာရင်း သည် လက်တွေ့ထက် အရေအတွက် နည်းကြောင်း ကုလသမဂ္ဂလူ့အခွင့်အ ရေးဆိုင်ရာ အကြီးအကဲကပြောကြား လိုက်သည်။
အဆိုပါ အရေအတွက်မှာ ၂၀၁၄ ခုနှစ်၊ သြဂုတ်လမှစ၍ ဆီးရီးယား ပဋိပက္ခ၏သေဆုံးမှုနှင့် ပတ်သက်သော ကုလသမဂ္ဂလူ့အခွင့်အရေးရုံး၏ ပထမ ဆုံး ပြင်ဆင်သတင်းထုတ်ပြန်ချက်ဖြစ် ပြီး ထုတ်ပြန်စဉ်က စာရင်းမှာ စုစုပေါင်း ၁၉၁,၃၆၉ သာရှိခဲ့ကြောင်း သိရသည်။
အဆိုပါစာရင်းတွင် လူ ၁၃ ယောက် လျှင် အမျိုးသမီးတစ်ဦးနူန်းဖြင့် စုစု ပေါင်း၂၆၇၂၇ ဦး၊ လူ ၁၃ ယောက် လျှင် ကလေးတစ်ဦးနူန်းဖြင့် စုစုပေါင်း ၂၇၁၂၆ ဦး ရှိခဲ့ကြောင်း ထည့်သွင်းထုတ် ပြန်ထားသည်။
ကုလသမဂ္ဂဒုက္ခသည်များ အေဂျင်စီ ၏အဆိုအရ ဆီးရီးယားနိုင်ငံသား ၆ ဒသမ ၆ သန်းခန့်မှာ လွန်ခဲ့သည့်ဆယ်စု နှစ်အတွင်း နိုင်ငံမှထွက်ခွာသွားခဲ့ရပြီး တူရကီတစ်နိုင်ငံတည်းမှာပင် ဆီးရီး ယားစစ်ပြေးဒုက္ခသည်ဦးရေမှာ ၃ ဒသမ ၇ သန်း ခန့်ရှိပြီး ယင်းမှာကမ္ဘာ ပေါ်ရှိ မည်သည့်နိုင်ငံများထက်မဆိုပို များပြားစွာ လက်ခံထားရသည့် အရေအတွက်လည်းဖြစ်ကြောင်း သိရ သည်။
မျိုးဝင်း(ref:BBC)