နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရီးသွားခြင်းဖြင့် စိန်ခေါ်မှုကိုကျော်လွှား

ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ တစ်ကမ္ဘာလုံးဖြစ်ပွားနေဆဲ ဖြစ်၍ မြန်မာနိုင်ငံတွင် ခရီးအသွားအလာများ ကန့်သတ်ထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် စိန်ခေါ်မှုအခက်အခဲများရှိသည့် ကြားမှ ပြည်သူအားလုံး၏ တူညီသည့်ဆန္ဒကိုဆိုရပါလျှင် ခရီးသွား လိုခြင်းဖြစ်သည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွား လုပ်ငန်း ပြန်လည်ကုစားမှုကို ဆောင်ရွက်ရာတွင် ခရီးသွား လုပ်ငန်း အမြန်ဆုံးပြန်လည်ဖွံ့ဖြိုးရေးအတွက် ကူညီထောက်ပံ့မှု များ ပြုလုပ်ခဲ့ပြီး ခရီးသွားလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက် နေသူများအားလုံးကို လွှမ်းခြုံနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ သည်။ 


ကိုဗစ်-၁၉ ၏ အလားအလာကိုခန့်မှန်းပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးမဟာဗျူဟာ လမ်းပြ မြေပုံ ၂၀၂၁-၂၀၂၅ အရ ခရီးသွားလုပ်ငန်းကို အမြန်ဆုံးပြန်လည် ဖွံ့ဖြိုးလာစေရန်အတွက် လုပ်ငန်းစဉ်များကိုချမှတ်ကာ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။ အဆိုပါခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေး   မဟာဗျူဟာလမ်းပြမြေပုံတွင် တစ်နှစ်အတွင်း ချက်ချင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကာလလတ်ဆောင်ရွက်ရန် များနှင့် ကာလရှည်ဆောင်ရွက်ရန်ဟူ၍ မဟာဗျူဟာ (၁၈) ချက်နှင့် လုပ်ငန်းစဉ် ၉၃ ရပ်ပါဝင်သည်။


ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ကိုဗစ်-၁၉ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အသိအမှတ်ပြု တံဆိပ်များ စနစ်တကျပေးအပ်နိုင်ရန် ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံသောဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ်ကို မြှင့်တင်ပေးရန်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ လိုက်နာဆောင်ရွက်ရန် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ပြီး လုံခြုံစိတ်ချရ သော ဝန်ဆောင်မှုပေးနိုင်သည့် လုပ်ငန်းများအဖြစ် စိစစ် အသိအမှတ်ပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


ယင်းအစီအစဉ်တွင် ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများ၊ ခရီးသွားကုမ္ပဏီများ၊ စားသောက်ဆိုင်များ၊ ခရီးသည်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ၊ ဧည့်လမ်းညွှန်များ၊ ခရီးစဉ်ဒေသများနှင့် ဆွဲဆောင်မှုနေရာများ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များစသည် ဖြင့် ခရီးသွားလုပ်ငန်း (၇) ရပ်အတွက် ဆောင်ရွက်လျက်ရှိသည်။


ရှမ်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ၁/၂၀၂၁ ကြိမ်မြောက် ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး ကို စက်တင်ဘာ ၂၄ ရက်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရ ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ နိုင်ငံတော်၏ပြောင်းလဲလာ သည့် ဖွဲ့စည်းပုံနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ် ခရီးသွား လုပ်ငန်းကော်မတီများကို ပြင်ဆင်ဖွဲ့စည်းကာ ကော်မတီအဖွဲ့ဝင် ပြောင်းလဲမှုရှိရာ ရှမ်းပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အတွက် အကြံဉာဏ်ကောင်းများရှိပါက ဆွေးနွေးရန် ပြည်နယ် စီးပွားရေးရာဝန်ကြီးက ဆွေးနွေးခဲ့ရာ ဒေသခရီးသွားလုပ်ငန်း များကို အထောက်အကူပြုမည်ဖြစ်သည်။


နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံတို့ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း အမြန်ဆုံးပြန်လည် ဖွံ့ဖြိုးလာမည်ဟု ဆိုချင်ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ