နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ပုဇွန်တောင်မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်-၇ဒီ၊ မြေကွက် အမှတ်-၁၂၀ မြေကွက်တည်နေရာအမှတ်-၂၇၊ ဦးရွှေဂွန်းလမ်း၊ (၇)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်၊ ဦးဇံဝင်း(စီအိုင်-၀၅၇၇၂၄) အမည်ပေါက်နှစ်(၉၀)ဂရန်(သက်ကုန်)မြေအား အမည်ပေါက်ကိုယ်တိုင်မှ ဂရန်မူရင်းတင်ပြ၍ ဂရန်သက်တမ်းတိုးလျှောက်ထားလာရာ မြေစာရင်းမှတ်ချက်(၁)ရှိ ၁၉၉၁ခုနှစ်တွင် ဦးစံဝင်းမှ မြေပုံကူးလျှောက်ထားခဲ့ခြင်းနှင့်မြေစာရင်း မှတ်ချက်(၂)ရှိ ၁၉၉၁ ခုနှစ်တွင် ဒေါ်တင်တင်မှကန့်ကွက်ထားခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရန်အကြောင်းကြားခဲ့ရာ လျှောက်ထားသူမှမြေစာရင်းမှတ်ချက်(၁)ရှိ ၁၉၉၁ ခုနှစ်တွင် ဦးစံဝင်းမှမြေပုံကူးလျှောက် ထားခဲ့ခြင်းမှာ အိမ်ပြုပြင်တည်ဆောက်ရန်အတွက် အိမ်ဆောက် မြေပုံကူး လျှောက်ထားခဲ့ခြင်းသာဖြစ်ပြီး၊ အမှုတွဲအားပြီးပြတ်အောင်ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ မြေပုံမြေရာဇဝင်မူရင်းအားလည်းထုတ်ယူခဲ့ခြင်း လုံးဝမရှိသည်မှာ မှန်ကန်ပါကြောင်းနှင့် မြေစာရင်းမှတ်ချက်(၂)ရှိ ၁၉၉၁ ခုနှစ်တွင်ဒေါ်တင်တင်မှ ကန့်ကွက်ထားခြင်းနှင့်ပတ်သက်၍ ၎င်း၏ယောက္ခမဖြစ်သူမှ အိမ်ငှားခဲ့သော ဒေါ်တင်တင်ဆိုသူမှ ကန့်ကွက် ထားခြင်းဖြစ်ကြောင်း သိရပါကြောင်း၊  ယခုအခါ  ဒေါ်တင်တင်မှာ မြန်မာနိုင်ငံမှ ထွက်ခွာ၍ ထိုင်ဝမ်နိုင်ငံသား ခံယူလျက်ရှိသည်မှာ မှန်ကန်ပါကြောင်း၊ ၎င်းနှင့်လည်း အဆက်အသွယ်လုံးဝမရှိသည်မှာ မှန်ကန်ပါကြောင်းနှင့် အထက်ပါ အကြောင်းအရာကိစ္စများနှင့် ပတ်သက်၍ အရှုပ်အရှင်းပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက တာဝန် ယူဖြေရှင်းပေးပါမည်ဖြစ်ကြောင်း ဒဂုံမြို့နယ်တရားရုံး ကျမ်းကျိန်လွှာ အမှတ် ၅/၁၅၂၁/၂၀၂၁ (၂၇-၅-၂၀၂၁)တင်ပြ၍ အမည်ပေါက် ဦးဇံဝင်း ကိုယ်တိုင်မှ ဂရန်သက်တမ်းတိုးလျှောက်ထားလာရာ ကန့်ကွက်ရန် ရှိပါက တရားဝင်ခိုင်လုံသော အထောက်အထားများဖြင့် ဤကြော်ငြာပါ သည့်နေ့မှစ၍(၇)ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှု မရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာန၊ 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ






အခြားဆက်စပ်သတင်းများ