ပေကျင်း၊ စက်တင်ဘာ ၂၅
အာဖဂန်နစ္စတန်ကို စီးပွားရေး အရေးယူ ပိတ်ဆို့မှုများရပ်ရန်နှင့်တစ် ဖက်သတ် ကန့်သတ်မှုများကို အမြန် ဆုံးရုပ်သိမ်းရန် တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကပြောသည်။
စက်မှုထိပ်သီးနိုင်ငံ ၂၀ မှ နိုင်ငံခြား ရေးဝန်ကြီးများ၏ အာဖဂန်ဆိုင်ရာ ဗီဒီယိုအစည်းအဝေးတွင် ဝမ်၏မိန့်ခွန်း ကို ကိုးကားပြီး စီးပွားရေးပိတ်ဆို့မှု များကို အပေးအယူအဖြစ်အသုံးမချ သင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
အာဖဂန်နစ္စတန်ရဲ့ အရန်နိုင်ငံခြား ငွေကြေးတွေကို အာဖဂန်ပြည်သူတွေပဲ ပိုင်ဆိုင်သင့်တယ်။ သူတို့ကပဲ သုံးစွဲသင့် တယ်။ အာဖဂန်ကို နိုင်ငံရေးအရဖိအား ပေးဖို့ အပေးအယူအဖြစ်မသုံးသင့်ဘူး ဟု ဝမ်ယိက ပြောသည်။ အာဖဂန်၏ လက်ရှိငွေကြေး အကျပ်အတည်းကို သက်သာစေရန်အတွက် လက်တွေ့ကျ သော အစီအမံများတွင်ပါဝင်ကြရန် တရုတ်နိုင်ငံက စက်မှုထိပ်သီးနိုင်ငံ ၂၀ ကိုတောင်းဆိုကြောင်း ဝမ်ယိကပြော ကြားသည်။ ရဲခေါင်(ref:China Daily)