နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက် ၆၅ နှစ်အထက်ရှိသူများ ကိုဗစ်ကာကွယ်ဆေး Pfizer ကို ဖြည့်စွက်ထိုးရန် အမေရိကန် FDA ဆုံးဖြတ်

ဝါရှင်တန်၊  စက်တင်ဘာ ၂၅


အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်ကာကွယ်ဆေး Pfizer ကို ဖြည့် စွက်ထိုးရန် အသက် ၆၅ နှစ်နှင့်အထက် အရွယ်များနှင့် ပြင်းထန်သည့်ရောဂါ ခံစားနေရသူများထိုးရန် အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA က  တရားဝင်ဆုံးဖြတ်လိုက်သည်။


ရောဂါကူးစက်နိုင်ခြေများသည့် လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရသူများကို လည်း နောက်ထပ်အားဖြည့် ကိုဗစ် ကာကွယ်ဆေးထိုးခွင့်ပြုခဲ့ကာအား ဖြည့် ကိုဗစ်ကာကွယ်ဆေးထိုးရမည့် စာရင်းတွင် ကျန်းမာရေးလုပ်သားများ၊ ကျောင်းဆရာ၊ ဆရာမများ၊ စားသောက် ဆိုင် ဝန်ထမ်းများ၊ သက်ကြီးဂေဟာများ နှင့် အကျဉ်းထောင်များတွင်အလုပ်လုပ် ကြသူများ ပါဝင်သည်။ အမေရိကန် ပြည်သူအများစုကို အားဖြည့် Covid ကာကွယ်ဆေး တတိယတစ်လုံးထိုးမည့် အိမ်ဖြူတော်၏ အစီအစဉ်သည် လုံခြုံ စိတ်ချရမှုပိုင်း အချက်အလက် မပြည့်စုံ သေးကြောင်း FDA က ပယ်ချခဲ့သည်။  


အမေရိကန် ကူးစက်ရောဂါထိန်း ချုပ် ကာကွယ်ရေးဌာန CDC ၏ အကြံ ပေးအဖွဲ့ကမူ  မည်သည့်အုပ်စုကို တတိယအားဖြည့်ကာကွယ်ဆေး ထိုးသင့်၊ မသင့် ဆုံးဖြတ်ချက်ကို အပြီး သတ် ဆုံးဖြတ်ချက်ချရန် ပြင်ဆင်လျက် ရှိသည်။

မျိုးဝင်း(ref,BBC)






အခြားဆက်စပ်သတင်းများ