နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခြင်ကြောင့်ဖြစ်ပွားသော ရောဂါများ လျော့နည်းစေရေး

ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ တွင် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပေ သည်။ ကမ္ဘာ့ငှက်ဖျားရောဂါ ဖြစ်ပွားသေဆုံးမှု၏ ၉၀ ရာခိုင်နှုန်း သည် အာဖရိကနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသည်။ ဒုတိယ အများဆုံးဖြစ်ပွားသေဆုံးမှုများမှာ အရှေ့တောင်အာရှနိုင်ငံများ ဖြစ်ကြောင်း သိရှိရပေသည်။


မြန်မာနိုင်ငံသည် အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံတို့နှင့် ဖြစ်ပွား သေဆုံးမှုနှုန်းအများဆုံးတွင် ပါဝင်နေသည်။ နှစ်စဉ် ကမ္ဘာတစ်ဝန်း ရှိ ငှက်ဖျားရောဂါကူးစက်ခံရသူ သန်း ၂၀၀ ကျော်ရှိပြီး ၎င်းတို့ အနက်မှ လေးသိန်းကျော် သေဆုံးလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံ လူဦးရေတစ်ဝက်ကျော်သည် ကူးစက်မှုအန္တရာယ် ရှိသည့် ဒေသများတွင် နေထိုင်ကြပြီး ငှက်ဖျားဖြစ်ပွားသူ                   ၂၃ ဒသမ ၃၉၂ ဦး တစ်နိုင်ငံလုံးတွင် ငှက်ဖျားဖြစ်ပွားသူ သုံးသိန်း နီးပါးရှိသည်ဟု သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာန၏ စာရင်း များအရ သိရပေသည်။


မြန်မာနိုင်ငံ အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးအနေ ဖြင့် ၂၀၁၅ ခုနှစ်တွင် ထောင်စုနှစ်ရည်မှန်းချက်ဖြစ်သော ငှက်ဖျား ရောဂါဖြစ်ပွားသေဆုံးနှုန်း ထက်ဝက်လျှော့ချရေး ရည်မှန်းချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ပေသည်။ ယခုအခါ အရှေ့အာဖရိက ဒေသ၌ဆေးယဉ်ပါးသည့် ငှက်ဖျားရောဂါတစ်မျိုး ကူးစက်ပျံ့နှံ့ လျက်ရှိကြောင်း နိုင်ငံတကာဆေးဘက်ဆိုင်ရာ သုတေသီအဖွဲ့က အသိပေးထားသည်။ ယင်းစစ်တမ်းအရ ငှက်ဖျား ရောဂါကူးစက်ခံထားရသူ ၁၄ ဦးတွင် ၁၃ ဦးသည် ငှက်ဖျားရောဂါ ကာကွယ်ဆေးများအား ခံနိုင်ရည်ရှိသည့် ကပ်ပါးကောင်များ      ကူးစက်ခံထားရသည်ကိုတွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဆိုင်ရာ အလေ့အကျင့်ကောင်း ရလဒ်ကောင်းများကို ဆက်လက်ထိန်းသိမ်း ရန်နှင့် ငှက်ဖျားရောဂါဖြစ်ပွားသူ သေဆုံးမှုမရှိစေရေးအတွက် ပိုမို ရင်းနှီးမြှုပ်နှံသွားရန် လိုအပ်ပေသည်။ 


ကျန်းမာရေးဝန်ကြီးဌာနသည် ခြင်ကြောင့်ဖြစ်ပွားသော ရောဂါများဖြစ်ပွားမှု ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက သွေးလွန် တုပ်ကွေး ကာကွယ်နှိမ်နင်းရေးစီမံချက်များ ချမှတ်ကာ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပေသည်။

သွေးလွန်တုပ်ကွေးကာကွယ်ရေးတွင် ခြင်နှိမ်နင်းရေးသည် အဓိကဖြစ်သည်။ ခြင်များ ခိုအောင်းနေနိုင်သည့် ပတ်ဝန်းကျင်ကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သန့်ရှင်းမှုပြုလုပ်ဆောင်ရွက်ရန် အရေးကြီးပေသည်။


သို့ဖြစ်ရာ ရောဂါဖြစ်ပွားနှုန်းနည်းစေရန် ကာကွယ်ရေးနှင့် ကုသရေးအစီအမံများကို လိုက်နာဆောင်ရွက်သင့်ပေသည်။ ခြင်ကြောင့်ဖြစ်ပွားသောရောဂါများ မဖြစ်ပွားစေရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပြည်သူများ တက်ကြွစွာပူးပေါင်း ပါဝင် ဆောင်ရွက်စေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ