နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့အငှားအိမ်ရာစီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်  စက်တင်ဘာ  ၂၃


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် ၇ လမ်းမ ကြီးအနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အငှား အိမ်ရာစီမံကိန်းဆိုင်ရာ အခြေအနေ များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အစည်းအဝေး ခန်းမ ၄ ၌ ကျင်းပရာ ပြည်သူ့အငှား အိမ်ရာတည်ဆောက်ရေးဦးစီးကော်မတီ အဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီး          ပြည်သူ့အငှားအိမ်ရာစီမံကိန်းကြီးကြပ် ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန် မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင် များအသင်းချုပ် (MCEF)၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်း ချုပ် (MLCA) နှင့် သက်ဆိုင်ရာဌာနများ မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။ (ပုံ)


ရှေးဦးစွာ မြို့တော်ဝန်က အဖွင့် အမှာစကား ပြောကြားရာတွင် ယခု စီမံကိန်းမြေနေရာ၏ မြေသားအခြေ အနေ၊ ရာသီဥတုအခြေအနေ၊ ကိုဗစ် ရောဂါ ကျရောက်မှုအခြေအနေနှင့် လုပ်ငန်းစတင်ချိန် ပေါ်ပေါက်ခဲ့သော လုပ်သားအင်အား ရှားပါးမှု အခက်အခဲ အရပ်ရပ်ကြောင့် လုပ်ငန်းများနှောင့်နှေးခဲ့ ရသော်လည်း ပြည်သူတို့၏ လိုအပ်ချက် ကို ဖြည့်ဆည်းနိုင်ရန်အတွက် MCEF နှင့် MLCA တို့အနေဖြင့် ဆောင်ရွက်ဆဲ လုပ်ငန်းများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်လိုကြောင်း နှင့် အမြန်ဆုံးပြီးစီးနိုင်သည့် အဆောက်အအုံများ ကို ပြီးစီးပါက လူနေထိုင်နိုင်ရေး နေရာချထားရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်နိုင်၊ MCEF နှင့် MLCA တို့မှ တာဝန်ရှိသူများက ရှင်းလင်းရာတွင် စက်တင်ဘာ ၁၅ ရက် လုပ်ငန်း ရည်မှန်းချက်အရ အဆောက်အအုံပိုင်းတွင် ၅၈ ရာခိုင်နှုန်း ပြီးစီးရမည်ဖြစ်သော်လည်း MCEF မှ ၄၄ ရာခိုင်နှုန်း၊ MLCA မှ ၃၂ ရာခိုင်နှုန်းသာ ပြီးစီးကြောင်း၊ အခြေခံအဆောက်အအုံပိုင်းတွင် ၁၀၀ ရာခိုင်နှုန်း ပြီးစီးရမည်ဖြစ်သော်လည်း MCEF မှ ၅၀ ရာခိုင်နှုန်း၊ MLCA မှ ၉ ရာခိုင်နှုန်း သာ ပြီးစီးကြောင်း၊ ထိုကဲ့သို့ နှောင့်နှေးရခြင်း မှာလည်း လုပ်ငန်းစတင်ရာတွင် MCEF မှ သုံးလနှင့် နှစ်ပတ်၊ MLCA မှ လေးလခန့် နောက်ကျခဲ့ခြင်းအပါအဝင် အခြေအနေအရပ်ရပ် ကြောင့် လုပ်ငန်းများ နှောင့်နှေးခဲ့ကြောင်း၊ ယခုကြားကာလတွင် အဆောက်အအုံအလုံးလိုက် ပြီးသည့်တိုင် အခြေခံအဆောက်အအုံပိုင်း မပြီးစီးပါက နေရာချထားရန် မဖြစ်နိုင်ကြောင်း၊ အခြေခံအဆောက်အအုံပိုင်းတွင် လမ်း ၂၇,၃၀၀ ပေ၊ အုတ်ရေမြောင်း ၅၄,၆၀၀ ပေ၊ Box Culvert ၁၂၀ ခုနှင့် တံတားတစ်စင်းတို့ကို အဖွဲ့အစည်း နှစ်ခုမှ တာဝန်ခွဲဝေ တည်ဆောက်လျက်ရှိရာ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက် တွင် အခြေခံအဆောက်အအုံပိုင်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးရန်နှင့် အဆောက်အအုံပိုင်းတွင် MCEF မှ ၇၉ လုံး၊ MLCA မှ ၇၇ လုံး၊ စုစုပေါင်း ၁၅၆ လုံးကို ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြကြရာ မြို့တော်ဝန်က အဖွဲ့အစည်း နှစ်ခုမှ တက်ညီလက်ညီ ဆောင်ရွက်မှသာ စီမံကိန်း အောင်မြင်မည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက် ပြီးစီးမည့် အဆောက်အအုံများတွင် ပြည်သူများ အငှားချထားနိုင်ရန်အတွက် လိုအပ် ချက်များကို အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းအဖြေရှာ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားပြီး အစည်းအဝေးကို ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့သည်။


ယခုတည်ဆောက်လျက်ရှိသည့် ပြည်သူ့ အငှားအိမ်ရာစီမံကိန်းမှာ ပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် ဝင်ငွေနည်းပြည်သူများ နေရေး ဖြေရှင်းပေးနိုင်ရန်အတွက် အခန်း ၁၀,၀၀၀ စီမံကိန်းဆောင်ရွက်ရန် မူဝါဒအရ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ၇၀၄ ခန်း၊ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် တွင် ၆,၂၈၈ ခန်းနှင့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ၃,၀၀၈ ခန်း ဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်သူ့အငှားအိမ်ရာစီမံကိန်း (ရန်ကုန်) သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းနှင့် မြို့ပတ်လမ်းဆုံမှ သရက်ပင်ချောင်ရွာလမ်းရှိ မြေဧရိယာ ၁၇၁ ဧက တွင် ဆောင်ရွက်လျက်ရှိပြီး Phase 1 အဖြစ် အဆောက်အအုံ ၁၉၄ လုံး၊ အခန်း ၃,၁၀၄ ခန်းကို ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

သတင်း - မိုးမြင့်မောင် / ဓာတ်ပုံ - ကျော်သူထက်






အခြားဆက်စပ်သတင်းများ