နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လစ်ဗျားတွင် တိုက်ပွဲဝင်နေသည့် ကြေးစားစစ်သည်များအတွက် ရုရှားနိုင်ငံက တိုက် လေယာဉ်များ စေလွှတ်ပေးနေသည်ဟု အမေရိကန် စွပ်စွဲ

မေ  ၂၇၊  ဝါရှင်တန်


လစ်ဗျားစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရုရှားကြေးစားစစ်သည်များကို ထောက်ပံ့ပေးရန်အတွက် ရုရှားနိုင်ငံက လစ်ဗျားနိုင်ငံသို့ တိုက်လေယာဉ်များ စေလွှတ်ပေးနေသည်ဟု အမေရိကန်စစ်တပ်က စွပ်စွဲခဲ့သည်။

 

အမေရိကန်တပ်ဖွဲ့ အာဖရိကကွပ်ကဲရေးစခန်း၏ စွပ်စွဲချက်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တုံ့ပြန်ခြင်းမရှိသေးပေ။ ယခုလအစောပိုင်းက ပေါက်ကြားခဲ့သည့် ကုလသမဂ္ဂ၏ အစီရင်ခံစာတစ်ခုအရ Wagner Group အဖွဲ့မှ ကြေးစားစစ်သည်ရာပေါင်းများစွာက လစ်ဗျားတွင် လှုပ်ရှားနေကြောင်း ဖော်ပြထားသည်။

 

လစ်ဗျားပြည်တွင်းစစ်တွင် ရုရှားနိုင်ငံက လစ်ဗျားဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာ၏ တပ်ဖွဲ့ကို ထောက်ခံ ထားသည်။ ပြီးခဲ့သည့်အင်္ဂါနေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂိုင်လက်ရော့ဗ်က လစ်ဗျားပဋိပက္ခနှင့် ပတ်သက်၍ ခါလီဖာဟက်ဖ်တာကို ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။ အဆိုပါဆွေးနွေးမှုတွင် အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးမှုလုပ်ရန် ဆာဂိုင်လက်ရော့ဗ်က တိုက်တွန်းခဲ့သည်။

         

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ