နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝါးခယ်မမြို့နယ်တွင် WY စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဝါးခယ်မ၊  စက်တင်ဘာ ၂၃

 

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်း ကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် စက်တင်ဘာ ၂၁ ရက်၊  ညနေ ၄ နာရီခန့်က WY စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး မူးယစ်အထူးအဖွဲ့နှင့် ရွှေလောင်းနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ဝါးခယ်မ- ရွှေလောင်း မော်တော်ယာဉ်လမ်း မိုင်တိုင်အမှတ်(၂၆/၃)၊ မွန်ချောင်း တံတားတွင် စောင့်ဆိုင်းနေစဉ် ရွှေလောင်းဘက်မှ ဝါးခယ်မဘက်သို့ စိုင်းဘိုဘို စီးနင်းလာသည့်  ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ  ၎င်း၏ဝဲဘက်လက်အတွင်း အနက်ရောင် ကြွပ်ကြွပ်အိပ်ဖြင့်ပတ်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေး(၈၀)ပြားကို သိမ်းဆည်းရမိသဖြင့် စိုင်းဘိုဘို နေထိုင်သော ရွှေလောင်းကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာနေအိမ်ကို ဆက်လက်ရှာဖွေရာ အိပ်ခန်းကြမ်းပြင်ပေါ်တွင်  အနက်ရောင်ကြွပ်ကြွပ်အိပ်ဖြင့် ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၉၀)ပြား၊ စုစုပေါင်း(၁၇၀)ပြား သိမ်းဆည်းရမိခဲ့ကြောင်း၊  စိုင်းဘိုဘို၏ ထွက်ဆိုချက်အရ ဆေးဝါးများကို ရွှေလောင်း ကျေးရွာအုပ်စု၊ တာကြီးကျေးရွာနေ သီဟအောင်(ခ)သီဟထံမှ ဝယ်ယူခဲ့ကြောင်း သိရသဖြင့်  စိတ်ကြွရူးသွပ်ဆေးပြားများ တရားမဝင်သုံးစွဲ/ ဖြန့်ဖြူးသူ စိုင်းဘိုဘိုနှင့် သီဟအောင်(ခ)သီဟတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရအရေးယူထားကြောင်းသိရသည်။    စောသန္တာဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ