နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ကြီးတံခွန်နှင့် တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ရန်ကုန်၊  စက်တင်ဘာ ၂၃


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၁ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ကြီး တံခွန်မြို့နယ် (ဆ)ရပ်ကွက် ၁၃၀ လမ်းနှင့် ၅၈ လမ်းထောင့်အနီးတွင် သော်ဇင်ထွန်းမောင်းနှင်ပြီး စောသန့်ခိုင် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ သော်ဇင်ထွန်းကိုင် ဆောင်ထားသည့် ပလတ်စတစ်အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင်  တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်  တာချီလိတ်-ဝမ်ပုံ သွားကားလမ်း ဦးထွန်းအောင်တံတား အနီးတွင် အိုက်ပေါက်(ခ) အိုက်စိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကိုရပ်တန့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက် အတွင်းမှ ဘိန်းဖြူ သုည ဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ