နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်နှင့် ဗြိတိန် ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ပြင်သစ်ဘက်က ပယ်ဖျက်

ပဲရစ်၊  စက်တင်ဘာ  ၂၂


ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလော ရင့်ပါလေနှင့် ဗြိတိန်ကာကွယ်ရေး ဝန်ကြီး ဘန်ဝေါလေတို့အကြားယခု အပတ်အတွင်း     စီစဉ်ထားသည့် အစည်းအဝေးကို ပြင်သစ်ဘက်ကစတင် ၍ ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။


အမေရိကန် နျူကလီးယားစွမ်းအင် သုံး ရေငုပ်သင်္ဘောများကို သြစတြေးလျ နိုင်ငံတွင်ထုတ်လုပ်ရန် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့ သေနင်္ဂ ဗျူဟာ ပူးပေါင်းဆောင်ရွက်မှုသဘော တူညီချက်ကြောင့် ပြင်သစ်နိုင်ငံအတွက် နစ်နာပြီး သံတမန်ရေးအကျပ်အတည်း ဖြစ်နေသည်။


ယခုအပတ် လန်ဒန်တွင်စီစဉ်ထား သည့် အစည်းအဝေးကို ပြင်သစ်နိုင်ငံ ဘက်က ပယ်ဖျက်လိုက်ခြင်းကြောင့် မကျင်းပဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြား ရေးဌာနက ကြေညာလိုက်ကာ အမေရိ ကန်ထံမှ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများရ မည်ဖြစ်သော ကြောင့် သြစတြေးလျက ပြင်သစ်မှ ရေငုပ်သင်္ဘောဝယ်မည့် သဘောတူ စာချုပ်များကို ဖျက်သိမ်းလိုက်သည့် အတွက် ပါရီတွင် လွန်ခဲ့သော အပတ်က ဒေါသထွက်နေကြသည်။


ပြင်သစ် သမ္မတ မက်ခရွန်က ကင်ဘာ ရာနှင့် ဝါရှင်တန်မှပြင်သစ်သံအမတ် များကို ပြန်လည်ခေါ်ယူပြီး မကြုံစဖူး တုံ့ပြန်ခဲ့သည်။ 

ရဲခေါင် (ref;AFP)






အခြားဆက်စပ်သတင်းများ