နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန့်ကွက်နိုင်ကြောင်း ကြော်ငြာ

မြောက်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(ခ)၊ မြေကွက်အမှတ် ၄၁၀၊ မြေကွက်တည်နေရာအမှတ်(၄၁၀)၊ မြရတနာ(၃)လမ်း၊ (ခ)ရပ်ကွက် ဒေါ်ခင်ကြည် (၁၂/ဥကမ(နိုင်)၀၄၀၅၀၁) အမည်ပေါက် နှစ်(၆၀)ဂရန်မြေအား အမည်ပေါက်သူ(အမ) ဒေါ်ခင်ကြည်သည် အပျိုကြီးဘဝဖြင့် (၁၈-၅-၂၀၁၅) ရက်နေ့တွင် ကွယ်လွန်ပြီး ၎င်း၏ မိဘ(ဦးကွန်း+ဒေါ်မေ)တို့မှ  သားသမီး(၄)ဦးမွေးဖွားခဲ့၍  ကျန်(၃)ဦးအနက် ဒေါ်ခင်ရီ(အမ)သည် အပျိုကြီးဘဝဖြင့် (၁၅-၃-၁၉၉၉)နေ့တွင်လည်းကောင်း၊ ဦးမောင်မောင်တင်(အကို)သည် လူပျိုကြီးဘဝဖြင့် (၁၃-၅-၂၀၁၈)ရက်နေ့တွင်လည်း ကောင်း၊ အသီးသီးကွယ်လွန်သဖြင့် ကျန်ညီမဒေါ်ခင်ထွေး(၁၂/ဥကမ(နိုင်)၀၄၀၅၁၉)မှ အမည်ပေါက်၏ တရားဝင်အမွေဆက်ခံခွင့်ရှိသော ညီမတော်စပ်ကြောင်း ဒဂုံမြို့နယ် တရားရုံးကျမ်းကျိန်လွှာအမှတ် ၇/၇၃၅/၂၀၂၀၊ သေစာရင်း၊ အိမ်ထောင်စုစာရင်း၊ ဂရန်မူရင်းတို့တင်ပြ၍ ဒေါ်ခင်ထွေးထံမှ G.P No ၂၆၂၂၆/၁၉(၁၉-၉-၂၀၁၉)ဖြင့် ရရှိသူ ဦးဖုန်းခိုင် (၈/ခမန(နိုင်)၀၀၀၀၀၁)မှ ပိုင်ဆိုင်ကြောင်းနှင့်အရောင်းအဝယ်စာချုပ်ရန် မြေပုံကူးလျှောက်ထားလာမှု့အပေါ် တရားဝင်ခိုင်လုံသော အထောက်အထားများဖြင့် ဤကြော်ငြာပါသည့်နေ့မှစ၍ (၇)ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်း နှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)

မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ






အခြားဆက်စပ်သတင်းများ